အမျိုးသားညီညွတ်ရေးအစိုးရအမည်ခံ NUG အကြမ်းဖက်အဖွဲ့ စတင်ပေါ်ပေါက်ချိန်မှစကာ ပြည်တွင်းရှိဝန်ထမ်းများ၊ အပြစ်မဲ့ ပြည်သူများ၊ ကျောင်းဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို အကြမ်းဖက်တိုက်ခိုက်ရန် လူမှုကွန်ရက်မှ တစ်ဆင့် မူဝါဒချမှတ်လမ်းညွှန်မှုများ ပြုလုပ်ခဲ့သည်ကို ပြည်သူများ အမှတ်ထင်ထင်ရှိနေသေးသည်။ ဝန်ထမ်းများ ရုံးမတက်ရန်၊ ကျောင်းသူကျောင်းသားများ ကျောင်းမသွားရန် တားမြစ်ခြင်းနှင့်အတူ အုပ်စုဖွဲ့ဖိအားပေးမှုများ၊ အကျပ်ကိုင်ခြိမ်းခြောက်မှုများကိုလည်း အုံနှင့်ကျင်းနှင့်ပြုလုပ်ခဲ့ကြပြီး မည်သည့်အကြောင်း ကြောင့်ပင်ဖြစ်စေ ၎င်းတို့ဘက်မပါသူမှန်သမျှကိုလည်း ရန်သူအဖြစ်သတ်မှတ်ခဲ့သည်ကို အားလုံးသိကြပြီးဖြစ်သည်။
ကိုဗစ်-၁၉
ကပ်ရောဂါကြောင့် ပညာရေးနှောင့်နှေးခဲ့ရသလို NUG ၏ ခြိမ်းခြောက်မှုကြောင့် ကျောင်းများ
ဖွင့်ထားပါလျက်နှင့် ကျောင်းမတက်ကြသူတို့ နစ်နာကြရပြန်ရာ ကလေးတို့၏ အနာဂတ်ကို ဖျက်ဆီးခံရခြင်းပင်ဖြစ်သည်။
ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအရ “လူတိုင်းတွင် ပညာသင်ယူခွင့်ရှိသည်။ ပညာသင်ကြားရေးသည်
အနည်းဆုံးမူလတန်းနှင့် အခြေခံအဆင့်တို့တွင် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရဖြစ်ရမည်။
စက်မှုလက်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာများကို လူအများသင်ယူနိုင်စေရမည်ဖြစ်ပြီး
အဆင့်မြင့်ပညာရေးကို အရည်အချင်းပေါ်အခြေခံ၍ အားလုံးတန်းတူရည်တူ ရရှိစေရ မည်။” ဟူ၍ပါရှိရာပညာသင်ယူမှုကို
ပိတ်ပင်တားဆီးခြင်းသည် လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းပင်ဖြစ်သည်။
NUG
နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက စာသင်ကျောင်းများနှင့် ကျောင်းစာအုပ်များကို မီးရှို့ဖျက်ဆီးခြင်း၊
ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်း၊ စာသင်ကျောင်းများကို သိမ်းပိုက်၍ စစ်လေ့ကျင့်ကွင်းများ၊
ကတုတ်ကျင်းများ၊ သဲအိတ်ဘန်ကာများ တည်ဆောက်ကာ စစ်ရေးအတွက် အသုံးပြုခြင်း၊ ဆရာဆရာမများကို
ခြိမ်းခြောက်သတ်ဖြတ်ခြင်း ကျူးလွန်မှုပေါင်းများစွာအနက် ဇူလိုင် ၂၀ ရက်က တနင်္သာရီတိုင်းဒေသကြီး
လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း (ထားဝယ်) မှ ကျောင်းအုပ်ဆရာမကြီးနှင့်
၎င်း၏ အသက် (၁၁) နှစ်အရွယ် သားငယ်၊ ဆရာ၊ ဆရာမ ငါးဦးတို့ကို အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်မှု၊
စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးကို ဇူလိုင် ၂၂ ရက်တွင် ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်မှုတို့မှာ
ကျောင်းသူကျောင်းသားတို့၏ ပညာရေးအပေါ်တွင် NUG ၊ PDF တို့၏ သဘောထားကို ထင်ထင်ရှားရှား
ထပ်မံပြသလိုက်သည့်ဖြစ်စဉ် တစ်ခုပင် ဖြစ်သည်။
ပညာရေးသည်ကျောင်းသူ၊
ကျောင်းသားတစ်ဦးချင်းစီအတွက်ရော နိုင်ငံအတွက်ပါ အနာဂတ်အရင်းအနှီးဖြစ်သည်။ ကျောင်းနေအရွယ်ကလေးလူငယ်တို့အတွက်
ပညာသင်ကြားမှုကို မည်သည့် အကြောင်းနှင့်မျှ ပျက်စီးစေရမည်မဟုတ်သည့်အပြင် ၎င်းတို့၏
အနာဂတ်အတွက် ပညာသင်ယူနိုင်ခွင့်ကို မဖြစ်မနေဖန်တီးပေးရန်လိုသည်။ မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေအရ
တစ်မျိုးသားလုံး၏ ပညာတတ်မြောက်မှုအခြေအနေမှာ နိမ့်ကျလျက်ရှိရာ ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာ၊
အောင်အောင်မြင်မြင် တည်ဆောက်နိုင်ရန်အတွက် ပညာရေးမြှင့်တင်မှုလုပ်ငန်းများ မပျက်မကွက်ပြုလုပ်ပေးရန်
လိုအပ်လျက်ရှိသည်။ သို့ဖြစ်ရာ နိုင်ငံရေးယုံကြည်ချက်များ မည်မျှကွဲလွဲသည်ဖြစ်စေ ကျောင်းသူ
ကျောင်းသား၊ ဆရာဆရာမများအပါအဝင် ပညာရေးရပ်ဝန်းတစ်ခုလုံးသည် ပဋိပက္ခများအားလုံးမှ သီးခြားလွတ်ကင်းရာ
ဖြစ်သင့်သည်။ ကျောင်းဟူသမျှ ကျောင်းသူ ကျောင်းသားတို့ အေးချမ်းလုံခြုံစွာ ပညာသင်ကြားရာနေရာများဖြစ်ဖို့
လိုသည်။
စိုက်ပျိုးရေးသိပ္ပံကျောင်း(ထားဝယ်)
အကြမ်းဖက်ခံရမှုဖြစ်ရပ်တွင် ခြိမ်းခြောက်နှိပ်စက်ခံခဲ့ရသည့် ကျောင်းသူကျောင်းသား၊ ဆရာ
ဆရာမများ၊ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် ကျောင်းအုပ်ဆရာမကြီးနှင့် သားငယ်၊
ဆရာ ဆရာမငါးဦးတို့အတွက် ဝမ်းနည်းဖွယ်နှင့် စိုးရိမ်ပူပန်ဖွယ်ပင်ဖြစ်သည်။ ထို့အပြင်
အကြမ်းဖက်သမားတို့ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းခံခဲ့ရသည့် ဆရာအတွက်လည်း ကြားသိရသူတိုင်း
စိတ်ထိခိုက်ဖွယ်ဖြစ်သည်။ စစ်ရေး၊ နိုင်ငံရေးနှင့်မသက်ဆိုင်သည့် အသက်မွေးဝမ်းကျောင်း
အတတ်ပညာသင်ကြားသည့်ကျောင်းနှင့် ဆရာဆရာမများ၊ ကျောင်းသူ ကျောင်းသားများအပေါ် ရိုင်းစိုင်းရက်စက်စွာ
အကြမ်းဖက်မှုသတ်ဖြတ်မှုကျူးလွန်ခဲ့ခြင်းသည် ခွင့်မလွှတ်ဖွယ်ပင်ဖြစ်ရာ ပြင်းပြင်းထန်ထန်
ကန့်ကွက်ရှုတ်ချအပ်ပါကြောင်း။ ။

No comments:
Post a Comment