Wednesday, July 26, 2023

တပ်မတော်သား အရာရှိ၊ စစ်သည်များ ချောင်းသာမြို့နှင့် သံတွဲမြို့တို့ရှိ တန်ခိုးကြီးဘုရားများနှင့် အထင်ကရနေရာများသို့ သွားရောက်ဖူးမြော်လေ့လာ

နေပြည်တော် ဇူလိုင် ၂၅

နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည် ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များသည် ယနေ့တွင် ချောင်းသာမြို့နှင့် သံတွဲမြို့တို့ရှိ တန်ခိုးကြီးဘုရား များနှင့် အထင်က ရနေရာများ သို့ သွားရောက်ဖူးမြော် လေ့လာကြသည်။

ထိုသို့ အနားယူအပန်းဖြေ ခရီးစဉ်သွားရောက်ခဲ့သည့် အဖွဲ့များမှဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေ သို့သွား ရောက်ခဲ့သည့်အဖွဲ့သည် ကမ်းခြေလမ်းလျှောက်ခြင်းနှင့် ကိုယ်လက် ကျန်းမာရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ သဲသောင်ပြင် အားကစားများ ဆောင်ရွက်ခြင်း၊ အနားယူ အပန်းဖြေခြင်းများ ဆောင်ရွက် ခဲ့ကြပြီး ချောင်းသာ ကမ်းခြေရှိ ဆုတောင်းပြည့် ဇမ္ဗူ ပတိရုပ်ပွားတော်အား ဖူးမြော်ကြည်ညိုပြီး ညနေပိုင်း တွင် ဘောလုံး၊ ပိုက်ကျော်ခြင်းနှင့် ရေကူးအပန်းဖြေခြင်းများ ဆောင်ရွက်ကြသည်။

အလားတူ ရခိုင်ပြည်နယ် ငပလီကမ်းခြေသို့ သွားရောက်ခဲ့သည့်အဖွဲ့သည် သံတွဲခရိုင် ငပလီမြို့ပေါ်ရှိ မဒေးတောင် ဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညို၍ အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ကမ်းခြေ၌ လမ်းလျှောက်ခြင်း၊ ကိုယ်လက် ကျန်းမာရေး လေ့ကျင့်ခန်းများဆောင်ရွက်ခြင်းနှင့် အနားယူ အပန်းဖြေခြင်းများ ဆောင်ရွက်ခဲ့ ကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကြကာ ၎င်းတို့ တည်းခိုသည့်နေရာ၌ နယ်မြေခံ တပ်နယ်မှ တာဝန်ရှိသူများက နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးကြသည်။ အဆိုပါအဖွဲ့ အား ဒေသခံပြည်သူများက ဒေသထွက်ပစ္စည်းများ လာရောက်ပေးအပ်ကြသည်။ ၎င်းနောက် ကမ်းခြေရှိ သဲသောင်ပြင်တွင် ဘောလုံး၊ ဘော်လီဘောနှင့် ခြင်းလုံးအားကစားများ ဆောင် ရွက်ခြင်း၊ ရေကူးခြင်းနှင့် အနားယူ အပန်းဖြေခြင်းများ ဆောင်ရွက် ခဲ့ကြကြောင်းသတင်း ရရှိသည်။

သတင်းစဉ်

No comments:

Post a Comment