နေပြည်တော် ဇူလိုင် ၁၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီးဖြူးမြို့နယ်ရှိ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်သို့ သွားရောက်ပြီး အသင်းအမှုဆောင်များ၊ အသင်းသားတောင်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ်
လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်အသင်း အမှုဆောင်များက
မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက
ပဲခူးတိုင်းဒေသကြီးအတွင်း စံပြစိုက်ပျိုးရေးနှင့် မွေးမြူရေးသမဝါယမအသင်းဖြစ်အောင် ကြိုးစားဆောင်ရွက်ရန်၊
မိုးစပါးရာသီတွင် ပန်းတိုင်အထွက်နှုန်းရရှိအောင် ရည်မှန်းဆောင်ရွက်ရန်၊ လက်ရှိစိုက်ဧကများထဲမှ
အနည်းဆုံး ဧက ၅၀ ကို အဆင့်မြင့် လယ်ယာမြေဖော်ထုတ်ရန်နှင့် ဆီထွက်သီးနှံစိုက်ပျိုးရေးကိုလည်း
လျာထားဆောင်ရွက်ရန် ဆွေးနွေး မှာကြားသည်။
ဆက်လက်၍
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အသင်းမှ ဆောင်ရွက်နေသည့် GW-11 အထွက် တိုး စပါးမျိုးများ
ပျိုးထောင်ထားမှု၊ အသင်းပိုင်ဒေသ နွားမျိုးကောင်ရေ ၄၀ မွေးမြူထားမှု၊ နွားစာအတွက် နေပီယာမြက်သုံးဧက
စိုက်ပျိုးထားမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်း စပ်ညှိနှိုင်း
ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင်
ဒုတိယဝန်ကြီးသည် ပဲခူးမြို့ရှိ ရှင်စောပုခန်းမ၌ သမဝါယမအသင်းအမှုဆောင်များ၊ မြို့မိမြို့ဖများ၊
တောင်သူလယ်သမားများ၊ အသင်း သားတောင်သူများနှင့် တွေ့ဆုံပြီး အထွက်တိုးမျိုးများကို
ပြောင်းလဲစိုက်ပျိုးရန်၊ သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများဖြန့်ဝေပေးရန်နှင့်
ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ ရောနှောအသုံးပြုရန်ဆွေးနွေးမှာကြားကာ အသင်းသား တောင်သူများနှင့်
တောင်သူလယ်သမားများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်တင်ပြမှုများအပေါ် လိုအပ်သည်များ
ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment