Saturday, July 8, 2023

ဒုတိယဝန်ကြီးဦးအေးကျော် ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဇူလိုင် ၇

ရခိုင်ပြည်နယ်စစ်တွေမြို့၌ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကျော်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး အစည်း အဝေးခန်းမ၌ကျင်းပသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ပြောကြား

အစည်းအဝေးတွင်ဒုတိယဝန်ကြီးက ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အတိုင်း ရခိုင်ပြည်နယ်ကို မူလအခြေအနေထက် ပို၍သာလွန်ကောင်းမွန်အောင် ဆောင်ရွက်ကြရန်၊ လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပတ်သက် ၍ ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြပေးကြရန်ပြောကြားသည်။

ထို့နောက် စီမံရေးဌာန၊ ဘဏ္ဍာရေးဌာန၊ ပစ္စည်းစီမံရေး ဌာနနှင့် အင်ဂျင်နီယာဌာနတို့မှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ယခုအခါရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် မိုခါမုန်တိုင်းဒဏ်ကြောင့် ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံနှင့် ဆက်စပ်ပစ္စည်းများ ပျက်စီးသွားခဲ့သည့်မြို့နယ် ၁၀ မြို့နယ်ရှိသည့်အနက် မြို့နယ် ရှစ်မြို့နယ်ကိုဓာတ်အားစနစ်မှ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေး နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် မြို့နယ် နှစ်မြို့နယ်နှင့် ကျေးရွာများ အမြန်ဆုံးဓာတ်အား ပြန်လည် ဖြန့်ဖြူးပေးနိုင်ရေး သက်ဆိုင်ရာ ကဏ္ဍအလိုက်အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွင် အသုံး ပြုခဲ့သည့် စတိုပစ္စည်းလက်ခံရရှိမှု၊ အသုံးပြုမှုနှင့်လက်ကျန်အခြေ အနေများစာရင်းကို စနစ်တကျ မှတ်တမ်းရေးသွင်း၍ စာရင်းစစ်ဆေးခံနိုင်ရေးဆောင်ရွက်ထားရန်၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး၊ သတ်မှတ်ကာလအတွင်း မီတာများပုံမှန်ဖတ်ရှုရေးနှင့် ဓာတ်အားခများ ပုံမှန်ကောက်ခံရရှိရေး အထူး အလေးထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့် ဓာတ်အားလိုင်းနှင့်ဆက်စပပစ္စည်းများအား စနစ်တကျပြန်လည်သိမ်းဆည်း၍ မှတ်တမ်းထားရှိရန်မှာကြားပြီး ဝန်ထမ်းများ၏တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment