မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၄၄)ကြိမ် မြောက် အာဆီယံမူးယစ်ဆေးဝါး ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ (44th ASEAN Senior Officials Meeting on Drug Matter and Its Related Meeting- ASOD)ကို ယနေ့ နံနက် ၈ နာရီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ဆက်လက်ကျင်းပသည်။
(၈)ကြိမ်မြောက် ASOD နှင့်
တရုတ်နိုင်ငံဆွေးနွေးပွဲ (8th ASOD + China Consultation)၊
(၁၆)ကြိမ်မြောက် ASOD နှင့် တရုတ်၊ ဂျပန်၊ ကိုရီးယား
သုံးနိုင်ငံဆွေးနွေး ပွဲ (16th ASOD + 3 Consultation) တို့တွင်
တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့
တပ်ဖွဲ့မှူးရဲမှူးချုပ်ဝင်းနိုင်က ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်၍ (၉)ကြိမ်မြောက် ASOD
နှင့် ကိုရီးယားသမ္မတနိုင်ငံဆွေးနွေးပွဲ (9th ASOD + ROK
Consultation)၊ (၆)ကြိမ်မြောက် ASOD နှင့်
အိန္ဒိယနိုင်ငံဆွေးနွေးပွဲ (6th ASOD + India Consultation) နှင့်
(၅) ကြိမ်မြောက် ASOD နှင့် ရုရှားနိုင်ငံဆွေးနွေးပွဲ (5th
ASOD + Russia Consultation) တို့တွင် အလှည့်ကျအာဆီယံနိုင်ငံများ၏ ASOD
ခေါင်းဆောင်များက ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြသည်။
အစည်းအဝေးသို့ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်
တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်
ဖွဲ့ တပ်ဖွဲ့မှူး၊ မြန်မာ ASOD
ခေါင်းဆောင်ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သော မြန်မာကိုယ်စား လှယ် ၁၆
ဦးနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ASOD ခေါင်းဆောင်များ
ဦးဆောင်သည့်ကိုယ်စားလှယ် များ၊ အာဆီယံအတွင်းရေးမှူးရုံးနှင့် ဆွေးနွေးဖက်နိုင်ငံများမှ
ကိုယ်စားလှယ်များ တက်ရောက် ကြပြီး ဒေသတွင်းမူးယစ်ဆေးဝါး အခြေအနေများနှင့်ပတ်သက်၍
သဘောထားအမြင်များ၊ ပရီကာဆာဓာတုပစ္စည်း ထိန်းချုပ်ရေးနှင့်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး
ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ အနာဂတ်ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့်
ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ထို့ပြင် ၂၀၂၄ ခုနှစ် (၄၅)ကြိမ်မြောက်
အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီး များအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ
(45th ASEAN Senior
Officials Meeting on Drug Matter and Its Related Meeting- ASOD)ကို
ဖိလစ်ပိုင်နိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားရန် သဘောတူ ခဲ့ကြပြီး တားဆီးကာကွယ်ရေး
ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့တပ်ဖွဲ့မှူးရဲမှူးချုပ်
ဝင်းနိုင်ကနိဂုံးချုပ်အမှာစကား ပြောကြားကာ (၄၄) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ
အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အိမ်ရှင်အဖြစ်အောင်မြင်စွာ
လက်ခံကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment