နေပြည်တော် ဇူလိုင် ၂၇
အင်ဂျင်နီယာနှင့် နည်းပညာ ဆိုင်ရာ စဉ်ဆက်မပြတ်တိုးတက် နိုင်စေရေး ရည်ရွယ်ကျင်းပသည့် International Conference on Engineering Education Accreditation 2023 (ICEEA 2023) အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေး ခန်းမ၌ Video Conferencing ဖြင့် ကျင်းပသည်။
အခမ်းအနားသို့
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယက စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်း၊
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌနှင့်
အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံ အင်ဂျင် နီယာပညာရေးဆိုင်ရာ
ဦးဆောင် ပုဂ္ဂိုလ်များ၊ the Washington Accord of the International Engineering
Alliance (IEA)၊ the World Federation of Engi-neering Organizations (WFEO)၊ the
Federation of Engineering Institutions of Asia and the Pacific (FEIAP)၊ Engineers
Australia (EA) IEET CAST Board of Engineers Malaysia (BEM)၊ Pakistan
Engineering Council (PEC)၊ Institute of Engineers Malaysia (IEM)၊ Institute of Engineers
Singapore (IES)၊ Philippine Council (PTC) နှင့် ပြည်တွင်းရှိ ပညာရေးနယ်ပယ်မှ တာဝန်ရှိသူများ
တက်ရောက်ကြသည်။
ဦးစွာ
ပြည်ထောင်စုဝန်ကြီးက အင်ဂျင်နီယာပညာရေး၌ အင်ဂျင်နီယာ ပညာရပ်များအပြင် လူမှုရေးနှင့်သိပ္ပံပညာရပ်များကိုပါ
ထည့်သွင်းသင်ကြားမည့် နည်းစနစ်ကို အထူးအလေးပေး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ လျင်မြန်စွာပြောင်းလဲနေသည့်
ကမ္ဘာ့လိုအပ်ချက်များကို ဖြည့် ဆည်းနိုင်ရေးအတွက် အင်ဂျင်နီယာ ကျောင်းသားလူငယ်များအား
ကြိုတင်ပြင်ဆင်ပေးနိုင်ရန်နှင့် မိမိတို့၏အင်ဂျင်နီယာ အဖွဲ့အစည်းများအားခိုင်မာသည့်
စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိစေရန် အစဉ်အားထုတ်ရမည် ဖြစ်ပါကြောင်း၊ ယနေ့ကွန်ဖရန့်မှ
နေ၍ 2030 Agenda နှင့် လျော်ညီ သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေမည့် သတ်မှတ်ချက်များချမှတ်နိုင်မည့်
နည်းလမ်းအသစ်များကို ဖော်ဆောင်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အင်ဂျင်နီယာ ပညာရေးဖြင့်
2030 Agenda အား အပြည့်အဝအကောင်အထည်ဖော် ဆောင်လျက်ရှိသည့်ခရီးစဉ်တွင်မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုအပြင်
ကဏ္ဍစုံမှ အမြင်များကိုဝေမျှ၍ မဆုတ်မနစ်သော ကြိုးစားအားထုတ်မှုများဖြင့် ရှေ့ဆက် လုပ်ဆောင်သွားရန်
အရေးကြီးပါကြောင်း ပြောကြားသည်။
အဆိုပါ
အစည်းအဝေးတွင်တက်ရောက်လာသည့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ ပညာရှင်များကသတ်မှတ်ထားသည့်
ခေါင်းစဉ်များအလိုက် ပါဝင်ဆွေးနွေးကြမည်ဖြစ်ပြီး ဆွေးနွေးခဲ့မှုရလဒ်များအပေါ်အခြေခံ၍
တက်ရောက်လာသူများက စာတမ်းများ တင်သွင်းဖတ်ကြားမည်ဖြစ်ကြောင်းနှင့် အဆိုပါဆွေးနွေးပွဲကို
နှစ်ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment