ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဒေသအလိုက်တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်
ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး
(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးလူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ
အရာရှိရပ်ကွက်၊ ငလပွေ့လမ်းသစ်ရှိ ရွှေနံ့သာပရိယတ္တိစာသင်တိုက် ဆရာတော်အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တပညာသာရအား
သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ဆန်၊ ဆီနှင့်
စားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဆရာတော်ကြီးနှင့်
အဆိုပါကျောင်းတိုက်ရှိ သံဃာတော်များအား နယ်မြေခံဆေးကုသရေးအဖွဲ့က လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို
ကြည့်ရှုအားပေးသည်။ ယင်းနောက် ခရေပင်လမ်းခွဲရှိ
ဇယျသုခသီလရှင်ကျောင်းသို့သွားရောက်ပြီး သာသနာနွယ်ဝင် သီလရှင်ဆရာလေးများအား
ဝတ္ထုငွေ၊ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်း သည်။
အလားတူ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့သို့ရောက်ရှိနေသော
ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ
ကုလားတန်(၄)ရေယာဉ်ဖြင့် သယ်ဆောင်ရောက်ရှိလာသည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ
ထောက်ပံ့ပေးအပ်သည့် စားသောက်ဖွယ်ရာများအား
မီးရထားဆိပ်ရပ်ကွက်ရှိ စားသုံးသူရေးရာဂိုဒေါင်အတွင်းသို့ စနစ်တကျသယ်ဆောင် ထားရှိမှုများအား
ကြည့်ရှုစစ်ဆေးပြီး လေဘေးသင့်ပြည်သူများလက်ဝယ်သို့ ဖြန့်ဝေပေးနိုင်ရေးနှင့်ပတ်သက်၍
လိုအပ်သည်များမှာကြားသည်။ ယင်းနောက် ဘူးသီးတောင်မြို့နယ်ပြည်သူ့ဆေးရုံသို့သွားရောက်ပြီး
ဆေးကုသမှုခံယူနေသူများ ကြည့်ရှုအားပေးစကားပြောကြားကာ အာဟာရဖြည့်စားသောက်ဖွယ်ရာများ
ပေးအပ်သည်။ ၎င်းနောက် ဓါတ်ခွဲခန်းရှိ CP Auto Testi Lipit
Profile Test Liver Function Test CPR B/C/HIV Test ဓါတ်ခွဲစက်ပစ္စည်းများဖြင့် ဓါတ်ခွဲဆောင်ရွက်ပေးနေမှုများကို
လေ့လာကြည့်ရှုပြီး ဆေးရုံဝင်းအတွင်း လှည့်လည်ကြည့်ရှုကာ
လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့ပြင် ဦးဥတ္တမခန်းမရှေ့၌ MEC
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့်
မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်တို့မှ
စက်ရုံထုတ်ပစ္စည်းများဖြစ်သည့် ဆောက်လုပ်ရေးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ပြည်သူများသို့ ဈေးနှုန်းချိုသာစွာဖြင့်
ရောင်းချပေးနေမှုနှင့် ပြည်သူလူထုမှအားပေးဝယ်ယူနေမှုများကို သွားရောက်ကြည့်ရှု
အားပေးသည်။
ထို့အတူ မြောက်ဦးမြို့သို့ရောက်ရှိနေသော ဗိုလ်ချုပ်သောင်းထိုက်ရွှေသည်
ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး
အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် မျိုးစပါးနှင့်ဟင်းသီးဟင်းရွက်မျိုးစေ့များ
ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။ ယင်းနောက် ကျေးရွာအုပ်စု ၂၂
အုပ်စုတို့အတွက် မျိုးစပါး ၂၄၀၂ တင်းနှင့် မျိုးစေ့ ၁၉ မျိုးပါ မျိုးစေ့ထုပ် ၂၀၀၆
ထုပ်တို့ကို ရွာဟောင်းတောကျေးရွာအုပ်စု၊ ချောင်းသစ် ကျေးရွာအုပ်စုနှင့် ခရိုင်/
မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူ ကျောက်တော်မြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့မမှန်ကျောင်းတိုက် သို့သွားရောက်၍ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဦးဆောင်မှုဖြင့်ပြုလုပ်သည့် သဘာဝဘေးဒဏ်ကြောင့် ဘုန်းတော်ကြီးကျောင်းများရှိ ဆရာတော်၊ သံဃာတော်များ ဆွမ်းကိစ္စအဆင်ပြေစေရေး ဆွမ်းဆန်တော်လှူဒါန်းပွဲသို့ တက်ရောက်ကာ ဘုန်းတော်ကြီးကျောင်း ၁၉ ကျောင်းမှ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment