Saturday, July 29, 2023

မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားသူကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာ

 


ရန်ကုန် ဇူလိုင် ၂၈

မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည် ရေးခရီးရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရုံးချုပ် တရားသူကြီးချုပ် H.E. Mr. Vyacheslav Lebedev ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှတစ်ဆင့် ရုရှားနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာသွားသည်။

ပို့ဆောင်နှုတ်ဆက်

ဧည့်သည်တော် တရားသူကြီး ချုပ်နှင့်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်နှင့် တရားလွှတ်တော် တရားသူကြီးများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment