ရန်ကုန် ဇူလိုင် ၂၈
လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှု ဇုန်(၁) ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရွှေပြည်သာ စက်မှုဇုန် (၁/၂/၃/၄)မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် လုပ်ငန်းခွင်များ ဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းခွင်ပတ်ဝန်းကျင် အခြေအနေများကို တိုင်းတာအကဲ ဖြတ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် လုပ်ငန်း ခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကိုအလုပ်ရှင်နှင့် အလုပ်သမားများကိုယ်တိုင် ပါဝင်ဆောင်ရွက် နိုင်စေရေးအတွက် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီများ တိုးချဲ့ဖွဲ့စည်းနိုင်ရေး စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းခွင်ထိခိုက်မှုများ ဖြစ်ပွား ပါက ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေပုဒ်မ(၅၃)အရ အလုပ်ရုံ မန်နေဂျာအနေဖြင့် ဦးစီးဌာနသို့ အကြောင်းကြား ဆောင်ရွက်ရမည်ဖြစ်ပြီး စစ်ဆေးရေးအရာရှိ များအနေဖြင့် သွားရောက်စစ်ဆေး ပြီး နောင်အလားတူ လုပ်ငန်းခွင်ထိခိုက်မှုများ ထပ်မံမဖြစ်ပွားစေ ရေးအတွက် ညွှန်ကြားချက်နှင့် အကြံပြုချက်များကို ထုတ်ပြန်ပေးလျက်ရှိသဖြင့် အဆိုပါ ညွှန်ကြား ချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းခွင်ထိခိုက်မှုများကို တားဆီးကာကွယ်နိုင်မည် ဖြစ်ကြောင်း။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွှေပြည်သာစက်မှုဇုန်နှင့် အင်းစိန်စက်မှုဇုန်ရှိ စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အေးချမ်းသာယာမှု ရရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သည့်လုပ်ငန်းများ ဖြစ်ပေါ်လာစေရေး အလုပ်ရှင်နှင့် အလုပ်သမားညှိနှိုင်း ဆောင်ရွက်ကြရန်၊ ဥပဒေပါပြဋ္ဌာန်းချက်များကို အလေးထားလိုက်နာ ဆောင်ရွက်ကြရန် တိုက်တွန်းမှာ ကြားသည်။
သတင်းစဉ်
No comments:
Post a Comment