Thursday, July 27, 2023

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို ဒုတိယနေ့ ကွင်းဆင်းကြည့်ရှုအားပေး

 



နေပြည်တော် ဇူလိုင် ၂၇

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၂၁၆) ရှိ နေပြည်တော် နို့စားနွားမွေးမြူရေးခြံနှင့် နို့ပေါင်းစက်ရုံသို့ သွားရောက်၍ ကြည့်ရှုအားပေးရာ နေပြည်တော် နို့စားနွား မွေးမြူရေးခြံနှင့်နို့ပေါင်းစက်ရုံ တာဝန်ခံ ဒေါက်တာနှင်းဝတ်ရည်က ပညာပေးရေးနှင့် သုတေသန လုပ်ငန်း ဆောင်ရွက်နေမှုများ၊ လက်ရှိဆောင်ရွက်နေသည့် နို့စားနွားမျိုးများ ဖြန့်ဝေမှုများကို လည်းကောင်း၊  နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မွေးမြူရေးလုပ်ငန်းရှင် များက လက်ရှိဆောင်ရွက်နေသည့် မွေးမြူရေးလုပ်ငန်းများနှင့် ရှေ့ဆက်လက် တိုးချဲ့မွေးမြူမည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် အဆင့်မြင့်မွေးမြူရေး ထုတ်ကုန် များ ထုတ်လုပ်နိုင်ရေး၊ အဆင့်မြင့်မွေးမြူရေးစနစ်ဖြင့် မွေးမြူနိုင်ရေး၊ မွေးမြူရေးကဏ္ဍ၏ ရင်းနှီး မြှုပ်နှံမှု မလုံလောက်မှုအပေါ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ထုတ်ချေးပေးနိုင်ရေး၊ ရောဂါ ကြောင့် ဆုံးရှုံးမှုမရှိစေရေး ကောင်းမွန်သည့် မွေးမြူရေးကျင့်စဉ်အား အပြည့်အဝလိုက်နာကျင့်သုံး လာစေရေး၊ ထုတ်ကုန်အရည်အသွေးမီစေရေး၊ အဆင့်အတန်းမီစေရေးနှင့် အစားအစာ ဘေးကင်း လုံခြုံစေရေး ဆိုင်ရာလုပ်ငန်းများ ဖြစ်လာစေရေး၊ သက်ဆိုင်ရာ မွေးမြူရေးလုပ်ငန်းကော်မတီ အဆင့်ဆင့်က မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်မြင်စေရေးနှင့် ဥပဒေအရ တရားမဝင် နည်းလမ်းများဖြင့် ဝင်ရောက်လာသော တိရစ္ဆာန်ထွက်ပစ္စည်းများကို စနစ်တကျထိန်းကြောင်း တားဆီးကြပ်မတ်နိုင်ရေး တာဝန်ရှိသူများအားမှာကြားပြီး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် နို့စားနွား မွေးမြူရေးခြံအတွင်း နို့စားနွားများ မွေးမြူထားရှိမှုများ၊ တိရစ္ဆာန်အစားအစာများနှင့် နေဗီယာမြက်စိုက်ပျိုးထားရှိမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)

No comments:

Post a Comment