မကွေး ဇူလိုင် ၂၄
အစည်းအဝေးတွင်
မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသ
ကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များမှ
တစ်ခုဖြစ်သည့် “ဈေးကွက် စီးပွားရေးစနစ်ကို တည်ငြိမ်အောင်
ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသား
ပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ဦးတည်ချက်နှင့်အညီ မကွေးတိုင်းဒေသကြီး၏
ဒေသစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးအတွင်း ပြည်တွင်း၊
ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်များပြားလာစေရန် ကြိုးစားဆောင်ရွက်ကြရမည်
ဖြစ်ပါကြောင်း၊ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်များပြားလာခြင်းနှင့်အတူ
ဒေသအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့်
စီးပွားရေး ကွင်းဆက်အလိုက် လိုက်ပါဖွံ့ဖြိုးလာကြမည်ဖြစ်ပါကြောင်း၊
ရင်းနှီးမြှုပ်နှံသူအနေဖြင့် လုပ်ငန်း ဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း ပြီးစီးစေရန်
အလေးထား အားစိုက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် သက်ဆိုင်သည့်
ကိစ္စရပ်များကို ကော်မတီသို့ လျှောက်ထားတင်ပြရာတွင်လည်း
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပါပြဋ္ဌာန်းချက်၊ သတ်မှတ်ချက်များနှင့်အညီ
တင်ပြရန်လိုပါကြောင်း၊ ဌာနဆိုင်ရာများ အနေဖြင့် မိမိတို့ မကွေးတိုင်းဒေသကြီးကို
စိတ်ပါဝင်စားပြီး လာရောက်လုပ်ကိုင်သည့် ပြည်တွင်း-ပြည်ပ
ရင်းနှီးမြှုပ်နှံသူများကို သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ
တိုင်းဒေသကြီးအတွင်း လွယ်ကူစွာ ဆောင်ရွက်နိုင်ရေးကို အလေးထား အားပေး ကူညီကြရန်ဖြစ်ပါကြောင်း၊
မကွေးတိုင်းဒေသကြီးသည် စီးပွားရေးလုပ်ငန်းရှင်များအတွက် စီးပွားရေးဝန်းကျင်ကောင်းတစ်ခု
ဖြစ်လာစေရန် သက်ဆိုင်ရာဌာနများက လိုက်ပါ ပူးပေါင်းဆောင်ရွက်ကြရန်
မှာကြားလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် အစည်းအဝေးတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခု၏ တည်ဆောက်ရေး ကာလတိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ် ဆွေးနွေးခြင်းနှင့် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် လုပ်ငန်းအပေါ် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ မကွေးမြို့နယ်စုပေါင်းရုံး (ဒုတိယထပ်)၊ ပြည်တော်သာ ၁ လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။
မောင်ညီညာ



No comments:
Post a Comment