Wednesday, July 5, 2023

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ (၁/၂ဝ၂၃)လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

 


မော်လမြိုင် ဇူလိုင် ၅

မွန်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ (၁/ ၂ဝ၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ယာဉ်မတော်တဆထိခိုက်မှုအန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်နှင့်လူမှုစီးပွားဘဝဆုံးရှုံးမှုများ၊ ဒဏ်ရာရရှိမှုများ၊ ယာဉ်ကြောင့်ဖြစ်ပေါ်သော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများနှင့် ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းကျဆင်းလာစေရန် မွန်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီကို ဖွဲ့စည်းထားပြီး အမျိုးသားကောင်စီ(NRSC)မှ သတ်မှတ်ပေးထားတဲ့ လုပ်ငန်းတာဝန်ကြီး(၁၄)ရပ်ကို တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လမ်းညွှန်အမှတ်အသားများ စနစ်တကျရှိစေရေးနှင့် သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ကြစေရေး ထိန်းသိမ်းကြပ်မတ်ရန်လိုကြောင်း၊ ပြည်နယ်အဆင့် ဆပ်ကော်မတီများ၊ ခရိုင်/ မြို့နယ်အဆင့်အဖွဲ့များကလည်း မိမိတို့ရဲ့ လုပ်ငန်းတာ၀န်များကို စဉ်ဆက်မပြတ်အကောင်အထည်ဖော် ဆောင်ရွက်နေကြရမှာဖြစ်ပြီး ပြည်နယ်အတွင်း ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနဲ့ သေဆုံးမှုတွေ လျော့နည်းကျဆင်းလာမှာဖြစ်ကြောင်း၊ ယာဉ်မတော်တဆဖြစ်စဉ်များပေါ်မူတည်၍ မော်တော်ယာဉ်အားနည်းမှု၊ မဆင်မခြင်မောင်းနှင်မှု၊ လမ်းအခြေအနေချို့ယွင်းမှု အစရှိသည်ဖြင့် ဖြေရှင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းစီမံချက်များအတိုင်း ထိရောက်အောင်မြင်အောင်စွာ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် တက်ရောက်လာသော ကော်မတီဝင်များမှ ပြည်နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်းကြီးများမှ ဖြည့်ဆွက်ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment