Sunday, June 25, 2023

ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် SMS စာတိုဖြင့် လှူဒါန်းနိုင်

နေပြည်တော် ဇွန် ၂၄

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် မေ ၁၄ ရက်က ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့်ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် လှူဒါန်းမှုများပြုလုပ်ရာတွင် ပိုမိုအဆင်ပြေစေရေးအတွက် ပြည်သူများ အသုံးပြုမှုများပြားသည့် မိုဘိုင်းတယ်လီဖုန်းများမှတစ်ဆင့် SMS(စာတို)ဖြင့် လှူဒါန်းငွေများပေးပို့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုသို့လှူဒါန်းရာတွင် မိုဘိုင်းသုံးစွဲသူစေတနာရှင်ပြည်သူများအနေဖြင့် မိမိတို့၏ အသုံးပြုနေသည့် မိုဘိုင်းဖုန်းများမှတစ်ဆင့် 9090 သို့ 500 ဟု SMS ပေးပို့၍ တစ်ကြိမ်လျှင် ၅၀၀ ကျပ်နှုန်းဖြင့် လှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment