နေပြည်တော် ဇွန် ၁၉
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် မေ ၁၄ ရက်က ဖြစ်ပွားခဲ့သည့် အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် လှူဒါန်းမှုများ ပြုလုပ်ရာတွင် ပိုမိုအဆင်ပြေစေရေးအတွက် ပြည်သူများ အသုံးပြုမှုများပြားသည့် မိုဘိုင်းတယ်လီဖုန်းများမှတစ်ဆင့် SMS (စာတို) ဖြင့် လှူဒါန်းငွေများပေးပို့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုသို့လှူဒါန်းရာတွင် မိုဘိုင်းသုံးစွဲသူ စေတနာရှင်ပြည်သူများအနေဖြင့် မိမိတို့၏ အသုံးပြုနေသည့် မိုဘိုင်းဖုန်းများမှတစ်ဆင့် 9090 သို့ 500 ဟု SMS ပေးပို့၍ တစ်ကြိမ်လျှင် ၅၀၀ ကျပ်နှုန်းဖြင့် လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment