နေပြည်တော် ဇွန် ၂၈
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော် ပိုရေးရှင်း (Russian State Atomic Energy Cooperation “Rosa - tom”) မှ ဒုတိယညွှန်ကြားရေး မှူးချုပ် Mr. Spasskiy Nikolay ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့တွင် ရန်ကုန်မြို့ရှိ ရန်ကုန်နည်းပညာ တက္ကသိုလ်၌ လက်ခံတွေ့ဆုံသည်။
ပေးအပ်
တွေ့ဆုံစဉ်
၂၀၂၂ ခုနှစ် နိုဝင်ဘာလက လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ
Rosatom တို့ လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန် လွှာအရဆောင်ရွက်ခဲ့သော အပူ စွမ်းအင်သုံးဓာတ်အားပေး
စက်ရုံစီမံကိန်းအကြို ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုအစီရင်ခံစာကို Rosatom မှ လျှပ်စစ်စွမ်းအား
ဝန်ကြီးဌာနသို့ ပေးအပ်သည်။
ထို့ပြင်
နျူကလီးယားအခြေခံ အဆောက်အအုံအကဲဖြတ်ခြင်းနှင့် မြှင့်တင်ခြင်းကဏ္ဍအတွက် နားလည်မှုစာချွန်လွှာ
(Memora- ndum of Understanding in the field of Nuclear Infrastructure assemment
and enhancement) ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နှင့် Rosatom တို့အကြားလက်မှတ်
ရေးထိုးကြသည်။
ထို့နောက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက Rosatom မှ တာဝန်ရှိသူများနှင့်ထပ်မံတွေ့ဆုံ၍ရေအား၊
လေအားနှင့်အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသည်။
ထိုသို့ဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက် နိုင်ရေးအတွက် နားလည်မှုစာချွန် လွှာ (MoU) ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလက လက်မှတ်ရေးထိုး ခဲ့ပြီး အကြိုဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်မှု အစီရင်ခံစာ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်မှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ လမ်းပြ မြေပုံ (Road Map) ပါ ဖော်ပြချက်များအတိုင်း ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ကို ယုံကြည်ကြောင်း၊ လျှပ်စစ်ကဏ္ဍအတွက် ရုရှား-မြန်မာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန် စိန့်ပီတာစဘတ်၌ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ်အတွင်း ဇွန် ၁၅ ရက်က လေအားလျှပ်စစ် စီမံကိန်းများအတွက် နားလည်မှုစာချွန်လွှာများ ရေးထိုးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ရေအားလျှပ်စစ်နှင့် အခြားအရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် နည်းပညာအကူ အညီများရရှိနိုင်ရေးကို ကူညီပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်သဖြင့် မြန်မာပြည်သူလူထု၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သဖြင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ထို့နောက်
Rosatom မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အား
ထုတ်လုပ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခွင့်ရရှိသဖြင့် ဂုဏ်ယူမိကြောင်း၊ ဆက်လက်၍အပူစွမ်းအင်သုံးစီမံကိန်းများနှင့်
အခြားစီမံကိန်း လုပ်ငန်းများအတွက် Rosatom မှ ပိုမိုရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုရှိကြောင်း၊
MoU ရေးထိုးပြီးသော လေအားလျှပ်စစ်စီမံကိန်းများအတွက် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း
လေ့လာခြင်းလုပ်ငန်းကိုတတ်နိုင်သမျှ ပူးပေါင်းကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အလား
အလာကောင်းများစွာပိုင်ဆိုင်သည့် မြန်မာနိုင်ငံတွင် Rosatom၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက်
Rosatom မှတာဝန်ရှိသူများက Power Point ဖြင့် စီမံကိန်းလုပ်ငန်းများအတွက်ရှင်းလင်း
တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးသည်။
ညပိုင်းတွင်
Rosatom မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက
တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment