နေပြည်တော် ဇွန် ၂၈
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း
အကြမ်းဖက်လုပ်ငန်းမျိုးစုံ လုပ်ဆောင် လျက်ရှိသည့် PDF အမည်ခံအကြမ်းဖက်သမားများသည်
စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်ကျေးရွာ၌လက်နက်၊ ခဲယမ်းများနှင့်အတူ
ခိုအောင်းနေကြောင်းနှင့် ဇွန် ၂၅ ရက်နေ့ ကင်းတော်ကျေးရွာ၊ ဥယျာဉ်ကျေးရွာနှင့်
လက်ပံတောကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်ချေမှုန်းရာတွင်
ထွက်ပြေးလွတ်မြောက်လာသည့် အကြမ်းဖက်သမားများသည်လည်း ပူးပေါင်းအခြေပြုနေကြောင်း
သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များကသွားရောက်၍ လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ
ဆောင်ရွက်စဉ် PDF အမည်ခံ အကြမ်းဖက်သမားများသည် ကျေးရွာ၏အနောက်ဘက်သို့
ဆုတ်ခွာထွက်ပြေးခဲ့သဖြင့် ပိတ်ဆို့ရှင်းလင်းရေးအဖွဲ့က တိုက်ခိုက်ချေမှုန်းခဲ့ရာ
အကြမ်းဖက်သမားအချို့၏ အလောင်း များနှင့် စနိုက်ပါသေနတ် ၁ လက်အပါအဝင်
လက်နက်မျိုးစုံ ၁၂ လက်၊ ခဲယမ်း/ ဗုံးသီးများ၊ ကျည်အိမ်များ၊ ကျည် မျိုးစုံ ၁၄၁၂
တောင့်၊ ဒီတိုနေတာ ၁၀ ခု၊ လမ်းလျှောက် စကားပြောစက် ၆ လုံး၊ လက်ကိုင်ဖုန်း ၈
လုံးနှင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား
ထပ်မံသိမ်းဆည်း ရမိခဲ့သည်။
ထို့ပြင် ကျေးရွာအတွင်းဖော်ထုတ်ခြင်းများ
ဆက်လက်ဆောင်ရွက်ခဲ့ရာ ကျေးရွာဘုန်းတော်ကြီးကျောင်းအတွင်းမှ ရှော့တိုက်ဒုံးပစ်စင် ၄
ခု၊ လက်လုပ်ဗုံးသီး ၁၇ လုံး၊ လျှပ်စစ်ဒီတိုနေတာ ၂၈ ခုနှင့် အကြမ်းဖက်လုပ်ငန်းများ
ဆောင်ရွက်ရာတွင် အသုံးပြု သည့် ဆက်စပ်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ထိုကဲ့သို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း
အကြမ်းဖက်လုပ်ငန်းမျိုးစုံ လုပ်ဆောင်လျက် ရှိသည့် PDF အမည်ခံအကြမ်းဖက်သမားများအား
ဖမ်းဆီးရမိရေးဆောင်ရွက်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး
နီးစပ်ရာ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိသည်။
ဖြစ်စဉ်တွင် သိမ်းဆည်းရမိလက်နက်များနှင့်
ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့များအနေဖြင့်
အဆိုပါလက်နက်များကိုကိုင်ဆောင်၍ ဒေသခံပြည်သူများကို အနိုင်ကျင့်ဗိုလ်ကျခြင်း၊
နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအပေါ် စိတ်မထင်လျှင်မထင်သလို
သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ရပ်ရွာတည်ငြိမ်အေးချမ်းအတွက်
လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်း ဆောင်
ရွက်ပေးနိုင်ပါရန် သတင်းထုတ်ပြန်အပ်ပါသည်။
No comments:
Post a Comment