Friday, June 23, 2023

ကန့်ဘလူမြို့နယ်၊ ပေါက်ကုန်းကျေးရွာရှိ နေအိမ်‌များအား PDF အမည်ခံအကြမ်းဖက် သမားများက အကြောင်းမဲ့ဝင်ရောက် မီးရှို့ဖျက်ဆီး

 

နေပြည်တော် ဇွန် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပေါက်ကုန်းကျေးရွာရှိ နေအိမ်များအား PDF အမည်ခံအကြမ်းဖက်သမားများက ဇွန် ၁၉ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ကန့်ဘလူမြို့နယ်၊ ပေါက်ကုန်းကျေးရွာအတွင်းသို့ ဇွန် ၁၉ ရက် ည ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမား အင်အား ၅၀ ဦးခန့်က ကျေးရွာ၏ အရှေ့တောင်ဘက်မှ ရွာအတွင်းသို့ ဆိုင်ကယ်များဖြင့် ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ နေအိမ်များအား အကြောင်းမဲ့ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ PDF အမည်ခံ အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

 ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ၏ နေအိမ်များအား အကြောင်းမဲ့ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment