Monday, June 19, 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့်ပို့ဆောင်

 

နေပြည်တော် ဇွန် ၁၉

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရန် တပ်မ​​တော် (ရေ) မှ ထောက်ပံ့ရေးရေယာဉ် (​ပြည်တော်​အေး-၂) သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ၄၀ ကီလိုပါ ဆန်အိတ် ၁၃၈၅၀ အိတ်၊ ၆ ပြည်ပါ ဆန်အိတ် ၅၆၈ အိတ်၊ အသင့်စားဆန် ၄၀၀ ဖာ၊ Minitractor ၁၀ စီး ၊ လက်တွန်းထွန်စက် ၁၄ စီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ စောင်၊ ခြင်ထောင် ၆၅၀ ဖာ၊ ကျောင်းဝတ်စုံ ၁၈၉၃၀ ထည်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ အိမ်ရိုက်သံ ၂၃၃၃ ဖာ စုစုပေါင်းကုန်တန်ချိန် ၆၆၅ တန်အား တင်ဆောင်၍ ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်းမှ စစ်တွေမြို့သို့ ယနေ့နေ့လယ်ပိုင်းတွင် ထွက်ခွာခဲ့သည်။

အလားတူ ၂၉ မီတာကမ်းထိုးရေယာဉ် ၁ စီးသည် ရခိုင်ပြည်နယ်အစိုးရမှ သွပ် ၄၀၀၀ ချပ်၊ သစ် ၄၀၃ ချောင်း၊ ရေသန့် ၁၆၉ ကတ်၊ စားသုံးဆီ ၁၀၀ ဗူး၊ ဟင်းသီးဟင်းရွက်ဆီ ၁၂၀ ဗူး၊ မြေပဲဆီ ၁၀ ဗူး၊ မုန့်တီခြောက်ထုပ်များ ပါဝင်သည့် ဆာလာအိတ် ၆ အိတ်၊ ငံပြာရည်ပုလင်းများပါဝင်သည့် ဆာလာအိတ် ၁ အိတ်၊ ငါးပိကြော် ၁၀၀ ထုပ်၊ ခေါက်ဆွဲခြောက် ၉၀ ဖာ၊ မုန့်မျိုးစုံ ၂ ဖာ၊ ဘီစကစ် ၃၂ ဖာနှင့် ဆေးပစ္စည်း ၃၈ ဖာ စုစုပေါင်း ၂၈ တန်အား စစ်တွေမြို့၌တင်ဆောင်၍ မင်းပြားမြို့ ဆိပ်ခံတံတားသို့ ယနေ့နေလယ်ပိုင်းတွင် ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ စစ်ရေယာဉ်များမှ သယ်ဆောင်လာသည့် ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေး ပစ္စည်းများအား တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်၍ မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ အမြန်ဆုံး ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment