Friday, June 9, 2023

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ Innopolis တက္ကသိုလ်နှင့် ကာဇန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ

နေပြည်တော် ဇွန် ၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန် မြို့တွင်ရောက်ရှိနေသော ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယမန်နေ့နံနက် ၉ နာရီက ဧည့်သည်တော်များနှင့် အတူ Innopolis မြို့ရှိ Innopolis တက္ကသိုလ်သို့ သွားရောက်ပြီး အဆိုပါတက္ကသိုလ်တွင် ပို့ချလျက် ရှိသော ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ၊ ကျောင်းသားအဆောင်များ၊ စားသောက်ဆိုင်များ၊ တက္ကသိုလ်ပရိဝုဏ်အတွင်းရှိ Business Centres များကို လှည့်လည်ကြည့်ရှု လေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေသည် Innopolis တက္ကသိုလ်မှ ကာဇန် မြို့သို့ ပြန်လည်ထွက်ခွာလာကြပြီး ကာဇန်မြို့တွင်းရှိ ယူနက်စကို၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖြစ်သော Kazan Kremlin ၊ Mother of God ဘုရား ကျောင်းနှင့် သမိုင်းဝင် အထင်ကရ နေရာများသို့ သွားရောက်လေ့လာကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များအား Mirage Hotel, Milli Res-taurant တွင် ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment