နေပြည်တော် ဇွန် ၄
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ် ရင်သွေးငယ်များ၏ ပညာရေးကဏ္ဍ မြင့်မားတိုးတက်စေရန်နှင့် ပညာသင်ကြားနိုင်မှုအခွင့်အလမ်းကို ပြည့်ဝစွာရရှိနိုင်စေရန်အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စာသင်ကျောင်းများကို ဇွန် ၁ ရက်မှစတင်၍ ဖွင့်လှစ်သင် ကြားပေးစေလျက်ရှိသည်။
သို့ရာတွင် CRPH ၊ NUG အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ် ချက်များဖြင့် အကြမ်းဖက်မှုလုပ်ငန်းများကို နည်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန် ၃ ရက် ည ၁၁ နာရီခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအား အကြောင်းမဲ့လာရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အဆိုပါကျောင်းဝန်းအတွင်းရှိ အလျား ၂၁၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၂၂ ပေခန့် ရှိ အခန်း ၈ ခန်းပါ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းတစ်ထပ်ကျောင်းဆောင် တစ်ဆောင် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် အဆိုပါကျောင်းသည် ဇွန် ၁ ရက်တွင် စတင်ဖွင့် လှစ်ခဲ့ကာ ဆရာ၊ ဆရာမ ၄၀ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၁၀၅၈ ဦးဖြင့် ဖွင့်လှစ်ပညာ သင်ကြားလျက်ရှိကြောင်းသိရှိရသည်။
ယခုကဲ့သို့ အနာဂတ်လူငယ်၊ လူရွယ်များ ပညာသင်ကြားမှုများ မပြုလုပ်နိုင်စေရန် ရည်ရွယ်၍ မီးရှို့ဖျက်ဆီးခဲ့သူများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment