Tuesday, June 6, 2023

လွိုင်ကော်မြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ ဂျူတီကုတ်နှင့်ဦးဆောင်း အပ်နှင်းပွဲအခမ်းအနားကျင်းပပြုလုပ်

 


လွိုင်ကော်        ဇွန်      

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ အပတ်စဉ်()သူနာပြုသားဖွားဒီပလိုမာ()နှစ်သင်တန်း၊ သင်တန်းသား၊ သင်တန်းသူများ၏ ဂျူတီကုတ်နှင့်ဦးဆောင်း အပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ သင်တန်းနည်းပြဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် သူနာပြုများသည် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အရေးပါသူများဖြစ်၍ စာပေပညာသင်ကြားရာ၌ သင်ရိုးညွှန်းတမ်းများအဆင့်မြင့်မားရေး ၊ သူနာပြုစွမ်းဆောင်ရည်မြင့်မားရေး၊ သူနာပြုပညာကို စဉ်ဆက်မပြတ် သင်ကြားခွင့်ရရှိရေး ၊ လုပ်ငန်းခွင်အခွင့်အရေးများရရှိရေးနှင့် အခြားလိုအပ်ချက်များအတွက် နိုင်ငံတော်အစိုးရနှင့် ပြည်နယ်အစိုးရအဖွဲ့က ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် သင်တန်းသား၊ သင်တန်းသူများကို အသိပညာ၊ ဗဟုသုတ၊ စွမ်းရည်၊ စိတ်ဓါတ်ပြည့်ဝသည့် နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် လေ့ကျင့်မွေးထုတ်ပေးရန်လိုကြောင်း၊  သင်တန်းသား၊ သင်တန်းသူများကလည်း အချိန်ကိုအကျိုးရှိရှိအသုံးချပြီးပညာရပ်များကို သင်ယူမှတ်သားကြရန်၊ သူနာပြုများလိုက်နာရမည့် ကျင့်ဝတ်များကို အလေးထားပြီး ကျွမ်းကျင်မှုအရာသာမက စိတ်ရင်းစေတနာပြည့်ဝစွာနှင့် စောင့်ရှောက်ပေးနိုင်သူများ ဖြစ်အောင်ကြိုးစားအားထုတ်ကြရန်၊ တာဝန်သိစိတ်၊ နိုင်ငံချစ်စိတ်ဖြင့် ပြည်နယ်နှင့်ပြည်သူများအတွက် အကျိုးပြုနိုင်သော သူနာပြုကောင်းများဖြစ်လာအောင်   ကြိုးစားသွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းအုပ်ကြီးဒေါ်မာမာဆွေက သူနာပြုများလိုက်နာရမည့် ကျင့်ဝတ်များ၊ ဆက်လက်လေ့လာဆည်းပူးရမည့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအတွက် ထောက်ပံ့ငွေနှင့် ဆန် ၊ ဆီများကိုပေးအပ်ရာ ကျောင်းအုပ်ကြီး ဒေါ်မာမာဆွေကလည်းကောင်း ၊ ၂၀၂၂ ခုနှစ် ပညာသင်နှစ်တွင် ထူးချွန်ဆုရရှိသော သင်တန်းသား၊ သင်တန်းသူများအားဆုများ ပေးအပ်ချီးမြှင့်ရာ ဆုရသင်တန်းသား၊ သင်တန်းသူများကလည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြပြီး ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့်ဦးဆောင်းများ အပ်နှင်းခဲ့ကြသည်။

ဆက်လက်ပြီး သင်တန်းသား၊ သင်တန်းသူများက သူနာပြုသစ္စာအဓိဌာန်ရွတ်ဆို ဂရုဏာအလင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် စကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment