စော်မွန်ငါး
သဘာဝဘေးအန္တရာယ်ဆိုသည်မှာ သဘာဝ အလျောက် ရုတ်တရက်ပြောင်းလဲဖြစ်ပေါ်လာ သည့် မြေငလျင်လှုပ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရေလျှံခြင်း၊ မြေပြိုခြင်း၊ မီးတောင် ပေါက်ကွဲခြင်း၊ ဆူနာမီရေလှိုင်းရိုက်ခတ်ခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ထူးဆန်းရောဂါဘေးအန္တရာယ် များကျရောက်ခြင်းတို့ဖြစ်ပြီး အချိန်အခါမရွေး၊ ဒေသမရွေးဖြစ်ပေါ်လာနိုင်သည်။
၂၀၀၈
ခုနှစ်တွင် ဘင်္ဂလားပင်လယ်အော်မှ စတင်အစပျိုးတိုက်ခတ်ခဲ့သည့် အလွန်အားကောင်း သောဆိုင်ကလုန်းမုန်တိုင်း
“နာဂစ်” သည် ဟိုင်းကြီး ကျွန်းမှတစ်ဆင့် မြစ်ဝကျွန်းပေါ်ဒေသသို့
ဝင်ရောက် တိုက်ခတ်ခဲ့သည်။ မေလ ၂ ရက်နေ့ “နာဂစ်” ဆိုင်ကလုန်းမုန်တိုင်းမတိုက်ခတ်မီ
တစ်ပတ်ခန့်အလိုတွင် နေ့အပူချိန်များ သိသိသာသာ မြင့်တက်လာသည်ကို ပြည်သူများ သတိပြုမိမည်ထင်သည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း
စတင်ဖြစ်ပေါ်ခဲ့မှု၊ မုန်တိုင်းဖြစ်ပေါ်ခဲ့မှုနှင့် ရွေ့လျားရာ လမ်းကြောင်းများကို
အချိန်နှင့်တစ်ပြေး ညီထုတ်ပြန်နေသော်လည်း မြစ်ဝကျွန်းပေါ်ဒေသရှိ ပြည်သူများသည် သာမန်မုန်တိုင်းအဆင့်အဖြစ်
သဘောထားထင်မြင်မှု၊ ပြင်းထန်သည့် သဘာဝဘေး အန္တရာယ်များ ကြုံတွေ့ဖူးခြင်းမရှိမှု စသည်တို့ကို
အခြေခံ၍ ပေါ့လျော့စွာထင်မြင်ယူဆခဲ့ကြသည်။
ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ
ဆောင်ရွက်ထားမှုမရှိခြင်း၊ မုန်တိုင်းလွတ်ရာသို့ ပြောင်းရွှေ့မှု မရှိခြင်းတို့ကြောင့်
ပြည်သူများ အသက်အိုးအိမ် စည်းစိမ်များ များစွာထိခိုက်ခဲ့ရ၍ “နာဂစ်” မုန်တိုင်း သည် အာရှတိုက်၏ အကြီးမားဆုံး သဘာဝဘေး အန္တရာယ်တစ်ခုအဖြစ်
မှတ်တမ်းဝင်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲများက ထပ်မံ ဖြစ်ပွားလာနိုင်သည့်
သဘာဝဘေးအန္တရာယ်များ ကြောင့် ပြည်သူများ အသက်ဆုံးရှုံးမှုမရှိစေရေး အတွက် မုန်တိုင်းဝင်ရောက်နိုင်သည့်
ဒေသများတွင် မုန်တိုင်းဒဏ်ခံအဆောက်အအုံ (Cyclone Shelter) များ ဆောက်လုပ်ပေးခဲ့သည်။
ပြည်သူများအား
အသိပေးကြေညာ
ယခုအခါ
၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့ ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့်
စစ်တွေမြို့တို့အကြားမှ ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်း မုန်တိုင်း “မိုခါ”နှင့်ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဘင်္ဂလားပင်လယ်
အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်ခဲ့သည့် မေလ ၁ ရက်နေ့မှစတင်ကာ နိုင်ငံပိုင်
သတင်းစာ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ရေဒီယို၊ လူမှုကွန်ရက်စာမျက်နှာများက ပြည်သူများအား
အသိပေးကြေညာခြင်းများ၊ အကြံပြုခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့အပြင် မိုးလေဝသပညာရှင်
များကလည်း လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ပြည်သူများကို အသိပေးနိုင်ရေးအတွက် ရေးသားပြုစုဖော်ပြပေးခဲ့ကြသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
က ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”နှင့်ပတ်သက်၍
နေ့အလိုက် အောက်ဖော်ပြပါအတိုင်း ထုတ်ပြန်ကြေညာခဲ့သည်-
(က) မေလ ၁ ရက်နေ့နှင့် ၃ ရက်နေ့ တိုင်းထွာချက် များအရ
ဘင်္ဂလားပင်လယ်အော် အရှေ့တောင် ပိုင်း၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ် လာနိုင်ပြီး
မေလ ၈ ရက်နေ့တွင် မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊
(
ခ) မေလ ၉ ရက်နေ့ ၁၇:၃၀ နာရီအချိန်တွင် ဘင်္ဂလားပင်လယ်အော်
အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ် ပြင်တောင်ပိုင်းတို့တွင်
ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး ပိုမိုအားကောင်း
လာနိုင်သဖြင့် နောက် ၆ နာရီအတွင်း မုန်တိုင်း ငယ်အဖြစ်သို့ လည်းကောင်း၊ မေလ ၁၀ ရက်
နေ့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်
အရှေ့အလယ်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့လည်းကောင်း
ရောက်ရှိနိုင်ကြောင်း၊ အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် ကနဦးတွင် မြောက်-အနောက်မြောက်
ဘက်သို့ရွေ့လျားပြီး မေလ ၁၁ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းသို့ ရောက်ရှိကာ
ထိုမှတစ်ဆင့် မြောက်-အရှေ့ မြောက်ဘက်သို့ကွေ့ကာ ဘင်္ဂလားဒေ့ရှ်-မြန်မာ ကမ်းရိုးတန်းသို့
ရွေ့လျားနိုင်ကြောင်း၊
(
ဂ) မေလ ၁၀ ရက်နေ့ ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ
ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသောမုန်တိုင်းငယ်သည်
မြောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်
ရွေ့လျားနိုင်သည့်အခြေအနေရှိသဖြင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ခဲ့ကြောင်း၊
(ဃ) နောက်လေးရက်အတွင်း ခန့်မှန်းချက်အရ အဆိုပါအားကောင်းသော
မုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီးနောက် ခြောက်နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း
အဖြစ်သို့လည်းကောင်း၊ မေလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း
အဖြစ်သို့ လည်းကောင်း၊ မေလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် မြောက်-အရှေ့မြောက်ဘက်သို့ တဖြည်းဖြည်းကွေ့ကာ
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်း၌
အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ လည်းကောင်း ရောက်ရှိနိုင်ကြောင်း၊
(
င) ထို့နောက် မေလ ၁၃ ရက်နေ့ ညနေပိုင်းတွင်
အားအနည်းငယ်လျော့သွားနိုင်ပြီး မေလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းနှင့်
မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း ကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နှင့်
မြန်မာနိုင်ငံ ကျောက်ဖြူမြို့ တို့ကြားမှ ဖြတ်ကျော် ဝင်ရောက်နိုင်ကြောင်း၊
(
စ) မေလ ၁၁ ရက်နေ့ ၂၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည် မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ
အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အဖြစ်သို့
ရောက်ရှိခဲ့ကြောင်း၊
(ဆ) အဆိုပါ အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း “မိုခါ”သည် မြန်မာနိုင်ငံ ကိုကိုးကျွန်း မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၃၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏
အနောက် တောင်ဘက်ရေမိုင် ၄၃၅ မိုင်ခန့်၊ စစ်တွေမြို့ ၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၅၅၀
ခန့်၊ အိန္ဒိယနိုင်ငံ နီကိုးဘားကျွန်း၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၄၆၅ မိုင်ခန့်၊
ပို့ပလဲယား၏ အနောက်ဘက် ရေမိုင် ၂၈၅ မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့၏
တောင်-အနောက်တောင် ဘက်ရေမိုင် ၅၉၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊
(
ဇ) အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း
“မိုခါ”သည် ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုး တန်းသို့ ဦးတည်ရွေ့လျားနိုင်သည့်အခြေအနေ
ရှိပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ခဲ့ကြောင်း၊
(
ဈ) အဆိုပါအားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း
“မိုခါ” သည် နောက် ၁၂ နာရီအတွင်း မြောက်ယွန်းယွန်းသို့ ရွေ့လျားနိုင်ပြီး
မေလ ၁၂ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း၌ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း
“မိုခါ” အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ ထို့နောက် အဆိုပါ အားအလွန်ကောင်းသော
ဆိုင်ကလုန်း မုန်တိုင်း “မိုခါ”သည်
မြောက်-အရှေ့မြောက် ဘက်သို့ တဖြည်းဖြည်းကွေ့ကာ မေလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ကော့ဘဇား မြို့နှင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့အကြား စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်
သည်ဟု ခန့်မှန်း ရပါကြောင်း၊
(ည) မေလ ၁၂ ရက်နေ့ ၂၁:၃၀ နာရီအချိန် တိုင်းထွာ ချက်များအရ
ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း
“မိုခါ” သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျား
ခဲ့ကြောင်း၊
(
ဋ) အဆိုပါအားအလွန်ကောင်းသော ဆိုင်ကလုန်း
မုန်တိုင်း “မိုခါ” သည်
မြောက်- အရှေ့မြောက် ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာကာ နောက် ၉
နာရီအတွင်း ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်း၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း
မုန်တိုင်း “မိုခါ” အဖြစ်သို့
ရောက်ရှိနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့ကြား
စစ်တွေမြို့အနီးမှ မေလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းတွင် အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း
“မိုခါ” အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း၊
(
ဌ) မေလ ၁၃ ရက်နေ့ ၂၁:၃၀ နာရီအချိန် တိုင်းထွာချက်များအရ
ဘင်္ဂလားပင်လယ်အော် အရှေ့ အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း
မုန်တိုင်း “မိုခါ” သည်
အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အနီရောင်အဆင့် သတ်မှတ်ခဲ့ ကြောင်း၊
(
ဍ) အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း
“မိုခါ” သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး မေလ ၁၄
ရက်နေ့ နံနက်ပိုင်းမှစ၍ ရခိုင်ကမ်းရိုးတန်း ကို စတင်ဖြတ်ကျော်နိုင်ကာ မေလ ၁၄ ရက် နေ့
နေ့လယ်ပိုင်းတွင် မုန်တိုင်း၏ဗဟိုချက် သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နှင့်
မြန်မာနိုင်ငံကျောက်ဖြူမြို့တို့အကြား စစ်တွေ မြို့အနီးမှ အလွန့်အလွန်အားကောင်းသော
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေဖြင့်
ဖြတ်ကျော်ဝင်ရောက် နိုင်ကြောင်း၊
(
ဎ) မေလ ၁၄ ရက်နေ့ ၁၂:၄၅ နာရီအချိန်တွင်
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည်
ရခိုင် ပြည်နယ် စစ်တွေမြို့အနီးမှ တစ်နာရီလျှင် မိုင် ၁၂၀ ခန့်ဖြင့် ကုန်းတွင်းသို့
ဝင်ရောက် တိုက်ခတ်ခဲ့သည်။
(ဏ) မေလ ၁၄ ရက်နေ့ ၂၁:၃၀ နာရီအချိန် တိုင်းထွာ
ချက်များအရ ချင်းပြည်နယ် ပလက်ဝမြို့အနီး မှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သော
အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” သည်
မြောက်-အရှေ့မြောက် ဘက်သို့ရွေ့လျားခဲ့ပြီး အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အဖြစ်သို့ အားလျော့သွားခဲ့ကာ မတူပီမြို့အနီးမှ မြောက်-အရှေ့မြောက်ဘက်သို့
ဆက်လက် ရွေ့လျား ခဲ့ကြောင်း၊
(တ) မုန်တိုင်းသည် ချင်းပြည်နယ် မတူပီမြို့အနီးမှ
ဆက်လက်ရွေ့လျားလျက်ရှိပါသဖြင့် အညို ရောင်အဆင့်ဟု သတ်မှတ်ပါကြောင်း၊ အဆိုပါ အားကောင်းသော
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည်
မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၉ နာရီ အတွင်း ချင်းပြည်နယ်၊
မကွေးတိုင်းဒေသကြီး (မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး
(မြောက်ပိုင်း) တို့ကို ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေဖြင့် လည်းကောင်း၊ နောက် ၂၄ နာရီအတွင်း ကချင် ပြည်နယ်နှင့်
ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့ကို မုန်တိုင်းငယ်အနေဖြင့်လည်းကောင်း ဆက်လက်ရွေ့လျားနိုင်ကြောင်း။
နိုင်ငံတော်အနေဖြင့်
ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုကော်မတီ အရေးပေါ်ညှိနှိုင်းအစည်းအဝေးကို မေလ ၆ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်းဦးဆောင်၍
ကျင်းပပြုလုပ်ခဲ့ပြီး မုန်တိုင်းမဝင်ရောက်မီ ကြိုတင် ပြင်ဆင်ရမည့်လုပ်ငန်းများ၊ ကယ်ဆယ်ရေးလုပ်ငန်းများ
ဆောင်ရွက်ခြင်း၊ မုန်တိုင်းဝင်ရောက် တိုက်ခတ်ပြီးပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ
ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် အသေးစိတ်တို့ ကို ချမှတ်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ဝန်ကြီးဌာနများ၊
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် လည်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်
လေ့ကျင့်မှုများ၊ ကယ်ဆယ်ရေးပစ္စည်းများ နှင့် အထောက်အကူပြုပစ္စည်းများ အသင့်ပြင်ဆင်ခြင်းစသည့်
လိုအပ်သည့်ပြင်ဆင်မှုများကို မုန်တိုင်းမဖြစ်ပေါ်မီ ရှစ်ရက်ကြိုတင်၍ အချိန်နှင့်တစ်ပြေးညီ
ပြီးစီးမှုရှိအောင် စနစ်တကျ အသေးစိတ်စီမံ ဆောင်ရွက်နိုင်ခဲ့သည်။
နိုင်ငံတော်အနေဖြင့်
မေလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်တိုက်ခတ်မည့် မုန်တိုင်းအန္တရာယ်အတွက်
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management
Center–DMC)ကိုဖွဲ့စည်းပြီး ဆိုင်ကလုန်းမုန်တိုင်း အခြေအနေကို ၂၄
နာရီ အချိန်ပြည့်စောင့်ကြည့်ကာ အသိပေးကြေညာချက်များကို ထုတ်ပြန်ပေးခဲ့သည်။ မေလ ၁၂ ရက်နေ့တွင်
ရခိုင်ပြည်နယ်ရှိ မုန်တိုင်း အန္တရာယ်ကျရောက်နိုင်သည့် စစ်တွေမြို့၊ ပေါက်တောမြို့၊
မောင်တောမြို့၊ ရသေ့တောင်မြို့၊ မြေပုံမြို့၊ ကျောက်ဖြူမြို့နှင့် မာန်အောင်မြို့နယ်တို့အား
Red Alert သတ်မှတ်ခဲ့ပြီး အဆိုပါမြို့နယ်များရှိ ပြည်သူများ သိရှိနိုင်စေရေးအတွက် မြို့နယ်၊
ရပ်ကွက်၊ ကျေးရွာတာဝန်ရှိသူများက အသံချဲ့စက်များဖြင့် လိုက်လံသတိပေးကြေညာပေးခဲ့သည်။
ပျက်စီးမှုအနည်းဆုံးဖြစ်အောင်
စီမံဆောင်ရွက်
မုန်တိုင်းမဝင်ရောက်မီ
စစ်တွေမြို့နှင့် ကျောက်ဖြူမြို့တို့ရှိ ပင်လယ်ကမ်းခြေများ၌ ပင်လယ်ရေများ ကျဆင်းခြင်း၊
ကမ်းခြေရှိသဲများ ချိုင့်ဝင်လျက်ရှိခြင်းတို့ကို လူမှုကွန်ရက်စာမျက်နှာ များမှတစ်ဆင့်
သိရသည်။ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနှင့် မိုးလေဝသပညာရှင်များက မုန်တိုင်း
ဖြစ်ပေါ်နေသည့် တည်နေရာ၊ လေတိုက် နှုန်း၊ ရွေ့လျားနှုန်းနှင့် ရွေ့လျားနိုင်မည့်လမ်းကြောင်းများကို
အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသဖြင့် ပင်လယ်ကမ်းစပ်၌ နေထိုင်သည့် ပြည်သူများနှင့်
ကျွဲ၊ နွား၊ တိရစ္ဆာန်များအား အချိန်မီ ရွှေ့ပြောင်းခြင်း၊ အရေးကြီးပစ္စည်းများကို
မုန်တိုင်းလွတ်ရာ ဒေသများသို့ ပြောင်းရွှေ့ခြင်းများ ကြောင့် မေလ ၁၄ ရက်နေ့ ၁၂:၄၅ နာရီအချိန်ခန့်
တွင် ကျောက်ဖြူမြို့နှင့် စစ်တွေမြို့တို့အကြားမှ တစ်နာရီလျှင် လေတိုက်နှုန်း မိုင်
၁၂၀ ခန့်ဖြင့် ဝင်ရောက် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် များ ပျက်စီးမှုအနည်းဆုံးဖြစ်အောင်
စီမံဆောင်ရွက်နိုင်ခဲ့သည်။
ဆိုင်ကလုန်းမုန်တိုင်း
“မိုခါ” ကြောင့် ပျက်စီး ဆုံးရှုံးခဲ့သည့်မြို့ရွာများ အမြန်ဆုံးပြန်လည်
ထူထောင် နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က မေလ ၁၅ ရက်နေ့တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး
ပြန်လည်ထူထောင် ရေးလုပ်ငန်းများအတွက် ငွေကျပ် သိန်း ခုနစ်သောင်း
ခန့်ပေးအပ်ခဲ့သည်။ ထို့အပြင် မုန်တိုင်းသင့် မြို့နယ်များ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ
လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် အဆင့်မြင့် အရာထမ်း များကို အသီးသီးတာဝန်ပေးအပ်ခဲ့သည်။
ကြိုတင်ပြင်ဆင်စုဖွဲ့ထားခြင်း
ယခုအချိန်တွင်
မုန်တိုင်းသင့်ဒေသများ၌ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊
ကြက်ခြေနီအသင်း၊ ဌာနဆိုင်ရာ အဖွဲ့အစည်း၊ ပရဟိတအသင်းအဖွဲ့များစုပေါင်း၍ ပြန်လည်ထူထောင်ရေးနှင့်
ကယ်ဆယ်ရေးလုပ်ငန်းများ အားသွန်ခွန်စိုက် တက်ညီလက်ညီဖြင့် လျင်မြန်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို
နေ့စဉ်သတင်းများတွင် တွေ့မြင်ရသည်။ နိုင်ငံတော် အနေဖြင့် မုန်တိုင်းတိုက်ခတ်ပြီးချိန်တွင်
ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု
လုပ်ငန်းများ၊ လျှပ်စစ်မီးရရှိရေး၊ ဆက်သွယ်မှု မပြတ်တောက်ရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးတို့
ဆောင်ရွက်နိုင်ရန်အတွက် အဖွဲ့များ ချက်ချင်း စေလွှတ်နိုင်ခြင်းသည် ကြိုတင်ပြင်ဆင်စုဖွဲ့ထားခြင်းကြောင့်ဖြစ်ကြောင်း
သုံးသပ်တွေ့ရှိရ သည်။
မေလ
၁၄ ရက်နေ့၌ တစ်နာရီလျှင် မိုင် ၁၂၀ ခန့်ဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်း မုန်တိုင်း
“မိုခါ” ကြောင့် မြေစိုက်အဆောက်အအုံများ အမိုးအကာများပျက်စီးခြင်း၊
သစ်ပင်များ ပြိုလဲမှု ဖြစ်ပွားခဲ့သော်လည်း ကွန်ကရစ်ဖြင့်အခိုင်အမာ ဆောက်လုပ်ထားသည့်
အဆောက်အအုံများ ပျက်စီးမှုမရှိဘဲ ကျန်ရှိနေကြောင်း တွေ့ရှိရသဖြင့် အဆိုပါ အဆောက်အအုံစာရင်းများ
ကောက်ယူ ပြုစုထားရှိပြီး သဘာဝဘေးအန္တရာယ်များ ကျရောက်
လာပါက Cyclone Shelter များအဖြစ် အသုံးပြု နိုင်ကြောင်း သင်ခန်းစာဖော်ထုတ်ရရှိသည်။
နောင်တွင်
မုန်တိုင်းဝင်ရောက်နိုင်သည့် ဒေသများ၌ လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၂၀/ ၁၃၀ အထိ
ဒဏ်ခံနိုင်သော အဆောက်အအုံများ ဆောက်လုပ်နိုင်ရေးအတွက် အတတ်ပညာရှင်များ၏ အကြံဉာဏ်များရယူ၍
ဆောင်ရွက်သင့်သည်။ ထို့အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ
စံချိန်စံညွှန်း လမ်းညွှန်ချက်များ (Myanmar National Building Code-MNBC) ပါ စံချိန်စံညွှန်း
များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်လည်း လိုအပ် သည်။
ယုံယုံကြည်ကြည်ဖြင့်
လိုက်နာဆောင်ရွက်ရန်လို
မေလ
၆ ရက်နေ့မှစတင်၍ မုန်တိုင်းသတင်း များကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ရေဒီယိုတို့မှ
နေ့စဉ်ဖော်ပြအသိပေးလျက်ရှိပြီး မုန်တိုင်း ဝင်ရောက်တိုက်ခတ်ချိန် နီးကပ်လာသည့် မေလ
၁၁၊ ၁၂၊ ၁၃ ရက်နေ့တို့တွင် မုန်တိုင်းဒီရေ အထူးသတိပေးချက်များထုတ်ပြန်ခဲ့ကာ ရေလွှမ်းမိုးနိုင်
သည့်နေရာ များကို တိကျစွာသတိပေးထုတ်ပြန်ထား၍ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ် များကြောင့်
အသက်အိုးအိမ်စည်းစိမ် ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးအတွက် မိုးလေဝသနှင့်
ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်နှင့် အကြံပြုချက်များကိုလည်း ယုံယုံ ကြည်ကြည်ဖြင့်
လိုက်နာဆောင်ရွက်ရန် လိုကြောင်း အသိပေးလိုသည်။
ထို့အပြင်
ပြင်ပမိုးလေဝသပညာရှင်များ၏ ထုတ်ပြန်ချက်များကိုလည်း မျက်ခြည်မပြတ် စောင့်ကြည့် လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။
ထို့ကြောင့် သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ပစ္စည်းဥစ္စာများ
ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် မိုးလေဝသ ပညာရှင်များ များစွာလိုအပ်သဖြင့် စိတ်ပါဝင်စားသည့်
လူငယ်များသည် မိုးလေဝသနှင့်ဇလဗေဒပညာ ရပ်များကို တတ်မြောက်ကျွမ်းကျင်အောင် လေ့လာသင်ယူသွားကြရန်
တိုက်တွန်းပါကြောင်းနှင့် မိုးလေဝသ ပညာရပ်သည် လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် မည်မျှအရေးပါသည်ကိုသိရှိနိုင်ရန်
ဖြစ်စဉ် အမှန်များကို မှတ်တမ်းပြုရေးသားတင်ပြလိုက်ရပါသည်။ ။
No comments:
Post a Comment