နေပြည်တော် ဇွန် ၉
(၂၉) ကြိမ်မြောက် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေတစ်သက်တာဆု၊ ပခုက္ကူစာပေဆု၊ ပခုက္ကူ ဦးအုံးဖေ ပညာရည်ချွန်ဆုနှင့် ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆု ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Horizon lake View Resort ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် မန်းငြိမ်းမောင်၊
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဒေါက်တာမျိုးသိန်းကျော်၊ Jeng
Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊
မြန်မာနိုင်ငံ စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)နှင့် ဆုရဆရာကြီး၊
ဆရာမကြီးများ၊ ပခုက္ကူစာပေဆု ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်
ကြသည်။
ရှေးဦးစွာ
စာပေကဏ္ဍအတွက် တန်ဖိုးဖြတ်၍ မရနိုင်သော ပခုက္ကူစာပေဆု
မှတ်တမ်းဗီဒီယိုကို ပြသ သည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးသည်
မြန်မာစာပေပညာရှင်များ၏ ဝိုင်းဝန်းကြိုးပမ်းမှုများ ပါဝင်သကဲ့သို့ စာပေပညာရှင်များကို
ချီးမြှင့်သည့် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိက စာပေဆုတည်ထောင် သူများ၏ အားစိုက်ထုတ်မှုသည်လည်း
အဓိက ကျပါကြောင်း၊ ပခုက္ကူဦးအုံးဖေစာပေဆုသည် ၁၉၉၄ ခုနှစ် တွင် စတင်ခဲ့သည့်အတွက် သက်တမ်းရှည်
ပုဂ္ဂလိက စာပေဆုတစ်ခုဖြစ်ပါကြောင်း။
မြန်မာနိုင်ငံရှိ
စာဖတ်ပရိသတ် ပြည်သူများအတွက် အကျိုးပြုစာပေများ ရှင်သန်ထွန်းကားရေးနှင့် မြန်မာစာပေဖွံ့ဖြိုးရေးအတွက်
လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရန် ရည်ရွယ်လျက် စာပေ အလှူဒါန မတည်ငွေဖြင့် ပခုက္ကူ
ဦးအုံးဖေတစ်သက်တာ စာပေဆုနှင့် စာပေဆုဘာသာရပ်လေးမျိုးကို စတင် ချီးမြှင့်ခဲ့ပါကြောင်း၊
ယခုအခါ တစ်သက်တာ စာပေဆု နှင့် ဘာသာရပ်ငါးမျိုးကို
ဆုချီးမြှင့်လျက် ရှိပါကြောင်း၊ ဘဝတစ်သက်တာလုံး စာပေအကျိုးကို တစိုက်မတ်မတ် စွမ်းစွမ်းတမံ
သယ်ပိုး ထမ်းရွက်ခဲ့သည့် စာရေးဆရာ၊ စာရေးဆရာမကြီးများကို တစ်သက်တာစာပေဆုအဖြစ် ဂုဏ်ပြုချီးမြှင့်
ခဲ့သည် မှ ယခုနှစ်ဆိုလျှင်
၃၅ ဦးအထိ ရှိလာပြီဖြစ်ပါကြောင်း။
ပညာရေးပိုင်းမှ ကြည့်မည်ဆိုလျှင်လည်း
ပခုက္ကူပညာရည်ချွန်ဆုရရှိခဲ့သည့် သား၊ သမီးများ သည် ယခုအခါ ပညာရပ်နယ်ပယ်အသီးသီးတွင် နိုင်ငံ့အကျိုးပြုလုပ်ငန်းများကို
ဆောင်ရွက်နေကြပြီ ဖြစ်သည့်အတွက် အောင်မြင်မှုအသီးအပွင့်များ
ဝေဆာနေပြီဖြစ်ပါကြောင်း။
စာကြည့်တိုက်လုပ်ငန်းဖွံ့ဖြိုးရန်နှင့်
စာဖတ်သူ များ စာအုပ်ကောင်းများ ဖတ်ရှုနိုင်ရန် ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆုကိုလည်း
၂၀၁၃ ခုနှစ်က စတင်ချီးမြှင့်ခဲ့သည်မှာ ယခုနှစ်ဆိုလျှင် စာအုပ်ပေါင်း
၄၁ အုပ်ကို ဆုချီးမြှင့်ပြီး စာဖတ်ပရိသတ်နှင့် မိတ်ဆက်ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း။
ဘာသာရပ်တိုင်းတွင်
ဆုရရှိသည့် စာမူလက်ရာများသည် နိုင်ငံနှင့် ပြည်သူအတွက် ရသ၊ သုတ ဖြည့်ဆည်းပေးနိုင်မည့်
ဘဝလမ်းညွှန်စာမူကောင်းများ ဖြစ်ပါကြောင်း၊ ဆုရရှိသူ ဆရာ ဆရာမများ အားလုံးလည်း မိမိတို့ကလောင်စွမ်းဖြင့်
နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ကြပါစေ၊ ပညာရည်ချွန်ဆုရရှိကြသည့်
သမီးငယ်များသည်လည်း အနာဂတ်တွင် တိုင်းပြည် နှင့်လူမျိုးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာဉာဏ်စွမ်း
ဖြင့် ကြိုးစားဆောင်ရွက်နိုင်ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက်
မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ၊ ပခုက္ကူစာပေဆု
ရန်ပုံငွေကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)က ဆုချီးမြှင့်ခြင်းနှင့်
စပ်လျဉ်း၍ ရှင်းလင်း ပြောကြား သည်။
ထို့နောက်
ဆုချီးမြှင့်ပွဲကိုကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်က
ပခုက္ကူ စာပေတစ်သက်တာဆုရ ဆရာမကြီး ဒေါက်တာ
ရီရီလှ (ယုဝတီခင်ဦး)နှင့် ဆရာမကြီး ဒေါ်တင်ရီ
(တင်ရီမ - ညောင်ဦး)တို့အား ဆုပေးအပ်ချီးမြှင့်သည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းက ဝတ္ထုရှည်ပထမဆုရ မောင်ငြိမ်းမွန် (ချောင်းဦး)၊
ဒုတိယဆုရ ပုသိမ်အောင်သန်းဦးနှင့် တတိယဆုရ ဘိုမျိုး(ရွှေဘို)တို့အား လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး
ဦးကိုကိုက ဝတ္ထုတိုပထမဆုရ စိုးမြင့်(စက်မှုတက္ကသိုလ်)၊ ဒုတိယဆုရ သက်နှင်းညို နှင့်
တတိယဆုရ ကိုကေအီး(နိဗ္ဗာန်) တို့အားလည်းကောင်း ဆုများပေးအပ်ချီးမြှင့် ကြသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က ကျမ်းစာပေ ပထမဆုရ မောင်မြကျော်၊ ဒုတိယဆုရ ကျော်သက်ခိုင်(မုံရွာ)နှင့်
တတိယဆုရ သိဒ္ဓိမောင်ဒွေးတို့အားလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က သုတေသနစာပေ
ပထမဆုရ တင်တော်၊ ဒုတိယဆုရ ဒေါက်တာခင်စန်းရီနှင့်
တတိယဆုရ မင်းသူရိန် (ထားဝယ်)တို့အား
လည်းကောင်း ဆုများပေးအပ် ချီးမြှင့်ကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး
ဦးရဲတင့်က (၂၉) ကြိမ်မြောက် ပညာရည်ချွန်ဆုရ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)
ရုပ်ရှင် နှင့် ပြဇာတ်ပညာဌာန ဒုတိယနှစ်ကျောင်းသူ မခိုင် သဇင်သိန်းနှင့် အမျိုးသားယဉ်ကျေးမှုနှင့်
အနုပညာ တက္ကသိုလ် (မန္တလေး) ရုပ်ရှင်နှင့် ပြဇာတ်ပညာဌာန ဒုတိယနှစ်ကျောင်းသူ မမြတ်ရွှေစင်မှူးတို့အား လည်းကောင်း၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)က
ကဗျာပေါင်းချုပ် ပထမဆုရ ဌေးသစ်လွင်(ပရိမ္မ)၊ ဒုတိယဆုရ ချစ်စုအောင်နှင့် တတိယဆုရ ခက်ဇော်(ကဗျာ)
တို့အား လည်းကောင်း၊ ပခုက္ကူစာပေဆုရန်ပုံငွေ
ကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းခိုင်ဦး က ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်ဆုရ MP
Maung Myint ၊ အောင်တိုး (စိန်ခြယ်)နှင့် ဦးမြင့်နိုင်တို့ အားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြ
သည်။
ယင်းနောက်
(၂၉)ကြိမ်မြောက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူ စာပေဆု၊ တစ်သက်တာ ဆုရ ဆရာမကြီးဒေါ်တင်ရီ(တင်ရီမ-ညောင်ဦး)က
ဆုရရှိသူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး ပခုက္ကူစာပေဆုရန်ပုံငွေကြီးကြပ်ရေးကော်မတီ
ဒုတိယဥက္ကဋ္ဌ ဦးသိန်းခိုင်ဦးက ပခုက္ကူ ဦးအုံးဖေ စာကြည့်တိုက်နှင့် စာပေအတွက် အကျိုးပြု
ပုံများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီဝင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးနှင့် ပခုက္ကူစာပေဆုရန်ပုံငွေ ကြီးကြပ်ရေး
ကော်မတီဥက္ကဋ္ဌတို့သည် ပခုက္ကူစာပေတစ်သက်တာ ဆု၊ ပခုက္ကူစာပေဆု၊ ပညာရည်ချွန်ဆုနှင့်
ပခုက္ကူ ဦးအုံးဖေ စာကြည့်တိုက်ဆုရရှိသူများနှင့် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယနေ့
ဆုချီးမြှင့်ပွဲတွင် တစ်သက်တာစာပေဆု အပါအဝင် ဝတ္ထုရှည်ဆု၊ ဝတ္ထုတို ပေါင်းချုပ်ဆု၊
ကဗျာ ပေါင်းချုပ်ဆု၊ ကျမ်းစာပေဆုနှင့် သုတေသနစာပေဆု စုစုပေါင်း ၁၇ ဆုကို ချီးမြှင့်နိုင်ခဲ့ပြီး
ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်ဆု သုံးဆုနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်
ပညာသင်ဆု နှစ်ဆုတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment