Tuesday, June 13, 2023

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပုဏ္ဏားကျွန်းမြို့နယ် သမဝါယမဦးစီးဌာနရုံး ပြန်လည်ပြုပြင်နေမှု ကြည့်ရှုစစ်ဆေး

စစ်တွေ ဇွန် ၁၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားသော ပုဏ္ဏားကျွန်းမြို့နယ် သမဝါယမဦးစီးဌာနရုံးသို့သွားရောက်ကာ ရုံးအဆောက်အအုံ အမိုးပြန်လည်ပြုပြင် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၍ လဲပြိုသွားသော ခြံစည်းရိုးများ ပြန်လည်ကာရံနိုင်ရေး ညှိနှိုင်းမှာကြားသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ဦးစီးဌာနအစည်းအဝေးခန်းမ၌ ဦးစီးဌာနသုံးခုမှ ဝန်ထမ်း များနှင့်တွေ့ဆုံကာ ရခိုင်ပြည်နယ်အတွင်း သမဝါယမစနစ်ဖြင့် မိုးစပါးဧက ၁၀,၀၀၀ စိုက်ပျိုးရေး လုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြေသားရေစုကန်များ တူးဖော်သန့်စင် ဆောင်ရွက်နေသည့်လုပ်ငန်းများ အမြန်ပြီးစီးရန်၊ ဝန်ထမ်းရေးရာကိစ္စနှင့်ပတ်သက်၍ ပါတီနိုင်ငံရေး ကင်းရှင်းရန်၊ ဦးစီးဌာနများ စည်းလုံးညီညွတ်စွာဖြင့် ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment