နေပြည်တော် ဇွန် ၁၀
ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စိတ်ရွှင်လန်းချမ်းမြေ့စေရန်နှင့် ပင်ပန်းနွမ်းနယ်မှုများပြေပျောက်စေရန်အတွက် ယနေ့ညနေပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တွေတပ်နယ်ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံ ရေးတပ်ခွဲမှ စစ်သည်/ စစ်သမီးများက အဆို/အကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထိုသို့ဖျော်ဖြေတင်ဆက်ရာတွင် စစ်သည်/စစ်သမီးများက
မြန်မာသံစဉ်တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်း အဆို/အကများ၊ တေးသရုပ်ဖော်အကများ၊ ရယ်ရွှင်ဖွယ်ရာ
ဟာသပြဇာတ် ၊ ဒေသ၏ရိုးရာယဉ်ကျေးမှုအကအလှများ၊ ဗဟုသုတဖြစ်ဖွယ်ရာအသိပညာပေး
အစီအစဉ်များဖြင့်ကဏ္ဍစုံလင်စွာ သီဆိုကပြဖျော်ဖြေကြရာ စစ်တွေတပ်နယ်မှ
တပ်မတော်အရာရှိကြီးများ၊ တပ်နယ်ရှိအရာရှိ/စစ်သည်/မိသားစုဝင်များ၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များပျော်ရွှင်စွာ
ကြည့်ရှုအားပေးကြသည်။ ထိုကဲ့သို့ သီဆိုကပြဖျော်ဖြေသော စစ်သည်/စစ်သမီးများအား
တပ်နယ်မှတာဝန်ရှိသူများက ဆုငွေများအသီးသီး အေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်း
ရရှိသည်။
No comments:
Post a Comment