Wednesday, June 21, 2023

ပြည်ထဲရေးဝန်ကြီးဌာန ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်မှု ပြိုင်ပွဲကျင်းပ

 

နေပြည်တော် ဇွန် ၂၀

ပြည်ထဲရေးဝန်ကြီးဌာနဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်မှုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့အရိန္ဒမာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ အရာရှိကြီးများနှင့်ဇနီးများ၊ အကဲဖြတ်ဒိုင်လူကြီးများနှင့် ပြိုင်ပွဲဝင်ဝတ်ရွတ်အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ရင်းရင်းနှီးနှီးနှုတ်ဆက်

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ယခုကဲ့သို့ ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်မှုပြိုင်ပွဲ ယှဉ်ပြိုင်ပူဇော်ရခြင်း၏ရည်ရွယ်ချက်မှာ ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ်တို့ကို ပါဠိ၊ ပါဌ်သား၊ အသံထွက်မှန်မှန်နှင့် ကြည်ညိုဖွယ်ရာပူဇော်တတ်စေရန်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြိုင်ပွဲကျင်းပရခြင်း၊ ရွတ်ဆိုပူဇော်ရခြင်းသည် လောကီလောကုတ္တရာနှစ်ဖြာအတွက် များစွာအကျိုးများသဖြင့် ကိုယ်အား၊ ဉာဏ်အား၊ သက်ဝင်ယုံကြည်မှုအပြည့်ဖြင့် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်းမှာကြားပြီး ပြိုင်ပွဲဝင်ဝတ်ရွတ်အသင်းများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။

အဆိုပါ ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်မှုပြိုင်ပွဲကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့၏ ရုံးချုပ်နှင့် တိုင်းဒေသ ကြီး/ပြည်နယ်များရှိ ဝတ်ရွတ်အသင်းများမှ ဝန်ထမ်းနှင့်ဝန်ထမ်း မိသားစုများပါဝင်ရွတ်ဖတ်ပူဇော် ပြိုင်ပွဲဝင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကို ဇွန် ၂၀ ရက်မှ ဇူလိုင် ၁၂ အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။            

သတင်းစဉ်

No comments:

Post a Comment