ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ်၊ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို
ဧည့်ပရိသတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီးနောက်
တိုင်းဒေသကြီးသာသနာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူးက ပဋ္ဌာန်းတရားနာကြားရန်အတွက်
နတ်၊ ဗြဟ္မာများအား ဖိတ်ကြားသည်။ ယင်းနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက်ပဓာန
နာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်
ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး တိုင်းဒေသကြီးဩဝါဒါစရိယ မရမ်းချိုကျောင်းတိုက်
ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ
ဩဝါဒကထာ ဆက်လက်နာကြားခဲ့ကာ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့်
ဆရာတော်၊ သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်
ဇနီးများ၊ ဌာနဆိုင်ရာများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ဘဒ္ဒန္တဝေပုလ္လ အရှင်သူမြတ်နှင့် ဘဒ္ဒန္တဝိသုဒ္ဓ အရှင်သူမြတ်တို့က ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာဖြင့် ပင့်ဆောင်ပူဇော်ခြင်းနှင့် ပဋ္ဌာန်းဒေသနာရွတ်ဖတ်ရန် တိုက်တွန်းနှိုးဆော်လွှာဂါထာဖြင့် တိုက်တွန်းနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ကြွရောက်လာကြကုန်သော ဂိုဏ်းပေါင်းစုံမှ ဆရာတော်ကြီးများ၊ ဘာဏက သံဃာတော်များ၊ ပရိသတ်အားလုံးတို့က ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိကို တစ်ကြိမ်ရွတ်ဖတ်ပူဇော်၍ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအား ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် အလှည့်ကျ ပဋ္ဌာနဘာဏက သံဃာတော်အား ပလ္လင်တော်မြတ်သို့ ပင့်ဆောင်ခဲ့ပြီးနောက် အလှည့်ကျ ပဋ္ဌာနဘာဏက သံဃာတော်အရှင်သူမြတ်က ပဋ္ဌာန်းဒေသနာများ စတင်ရွတ်ဖတ်ပူဇော်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က ဩဝါဒစရိယဆရာတော်ကြီးများအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပန်းတနော်မြို့နယ်ရှိ
စူပရင်း ဘိုင်အိုတက် (Supreme BioTech) အမှတ် (၁) ဇီ၀မြေသြဇာစက်ရုံ (ပသွယ်) သို့ သွားရောက်ခဲ့ရာ စက်ရုံတာဝန်ခံမှ အဏုဇီဝပိုးမွေးမြူမှု၊
ကုန်ကြမ်းစုဆောင်းထားရှိမှု၊ ကောက်ရိုး၊ စပါးခွံ၊
လွှစာမှုန့်၊ စက်ဖွဲပြာ၊ သစ်ရွက်စို၊ သစ်ရွက်ခြောက်၊ ဒုံဒိုက် စသည်တို့အား အဏုဇီဝပိုးအသုံးပြု၍
ဇီဝမြေသြဇာထုတ်လုပ်မှုအဆင့်ဆင့်နှင့် သိုလှောင်ထားရှိမှု အခြေအနေများအား လိုက်လံရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် စက်ရုံတွင် ထုတ်လုပ်လျက်ရှိသည့် ဇီဝမြေသြဇာများကို စက်ရုံရှိ ဓာတ်ခွဲခန်းတွင်
Nitrogen(N)၊ Phosphorus(P)၊ Potassium(K) အချိုးကျပါဝင်မှုနှင့် အပင်ပေါက်နှုန်း စမ်းသပ်စိုက်ပျိုးထားရှိမှု
စမ်းသပ်ဖော်ထုတ်ပြသမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဇီဝမြေသြဇာများ ပိုမိုထုတ်လုပ်နိုင်ရေး၊
ကုန်ကြမ်းများ လုံလောက်စွာ စုဆောင်းထားရှိစေရေး၊ ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများထံ
ဖြန့်ဖြူးပေးနိုင်ရေး မှာကြားခဲ့သည်။ အဆိုပါ စူပရင်း ဘိုင်အိုတက် (Supreme BioTech) အမှတ် (၁) ဇီ၀မြေသြဇာစက်ရုံ
(ပသွယ်)သည် ယခုနှစ်တွင်ဇီဝမြေသြဇာ ၅၀ ကီလိုဂရမ် (၄၀၀၀၀)အိတ်(မက်ထရစ်တန်(၂၀၀၀) ထုတ်လုပ်
ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)
No comments:
Post a Comment