ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ဒေသများဖြစ်သော စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ အမ်း၊ သံတွဲ၊ မာန်အောင်၊ တောင်ကုတ်၊ မြောက်ဦး၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ဂွ၊ ကျောက်တော်၊ မင်းပြား၊ မောင်တော၊ ဘူးသီးတောင်နှင့် မြေပုံမြို့နယ်တို့အတွင်းရှိ ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆရာဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အရေးပေါ်တုံ့ပြန်ရေးဆေးအဖွဲ့ (Rapid Response Team) များ ဖွဲ့စည်းဖြန့်ကြက်၍ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် ရေကန်များ၌ ရေသန့်ဆေးခတ်ခြင်း၊ ကူးစက်ရောဂါမဖြစ်ပွားစေရေးအတွက် ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခြင်း၊ ပြည်သူလူထု ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေးအတွက် ရေတွင်းရေကန်များအား ကလိုရင်းဆေးခတ်ပေးခြင်းနှင့် ကျန်းမာရေးပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ဒေါက်တာဝင်းသူရမြင့် (အဖွဲ့ခေါင်းဆောင် ဆရာဝန်၊ အရေးပေါ်တုံ့ပြန်ရေး
ဆေးအဖွဲ့)
ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်း မဝင်
ရောက်မီအချိန်ကတည်းက တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေ
ကြိုတင်ဖွဲ့စည်းထားရှိပါတယ်။ ကျွန်တော်တို့အဖွဲ့မှာ အဖွဲ့ဝင်ငါးယောက်ပါဝင်ပါတယ်။
စစ်တွေမြို့ကို မေလ ၂၈ ရက်နေ့ကတည်းက ရောက်ရှိလာပြီး ကွင်းဆင်းဆေးကုသပေးတာ၊ Mobile clinic တွေ
ဖွင့်လှစ်တာ၊ ထိခိုက် ဒဏ်ရာရနေတဲ့လူနာတွေကို ကုသပေးတာ၊ မိုးတွင်းကာလဖြစ်ပွားတတ်တဲ့
ဝမ်းပျက်ဝမ်းလျှောရောဂါတွေ၊ သွေးလွန် တုပ်ကွေးရောဂါတွေမဖြစ်ပွားအောင်
ရေသန့်ဆေးပြားတွေဝေတာ၊ ကလိုရင်းခတ်တာတွေကို ဆောင်ရွက်လျက်ရှိပါ တယ်။
ဒီနေ့ကတော့ မင်းဂံရပ်ကွက်အပိုင်း (၁၀) မှာ သွေးလွန်တုပ်ကွေးနဲ့ဆိုင်တဲ့
ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ ကလိုရင်းခတ်ခြင်း လုပ်ငန်းစဉ်တွေကို
ဆောင်ရွက်နေတာဖြစ်ပါတယ်။ နေ့စဉ် လည်း မြို့နယ်ကျန်းမာရေးဦးစီးဌာန
ကျန်းမာရေးဝန်ထမ်းတွေနဲ့ပူးပေါင်းပြီး တခြားရပ်ကွက်က ဒေသခံတွေအပြင်
တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ခေတ္တရောက်ရှိနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်
တွေကိုလည်း ကျန်းမာရေးစောင့်ရှောက် မှုပေးလျက်ရှိပါတယ်။ ဒီလိုကွင်းဆင်း
ဆောင်ရွက်တဲ့အပြင် တချို့ရက်တွေမှာ အထိုင်ချပြီး ဆေးခန်းဖွင့်လှစ်ကုသပေးတာတွေလည်းရှိပါတယ်၊
ဖျားနာကိုက်ခဲတာ၊ ဝမ်းပျက်ဝမ်းလျှောတာ၊ ယားနာဖြစ်ပွားတာတွေကိုတော့ အများဆုံးကုသပေးရပါတယ်။
ကျွန်တော်တို့တတ်နိုင်တဲ့ဘက်က အစွမ်းကုန်ကုသပေးပြီး လိုအပ်လာရင်
တော့ စစ်တွေဆေးရုံကြီးကို လွှဲပြောင်း ပေးရတာလည်းရှိပါတယ်။ နောက်ရက်တွေမှာလည်း မြို့ပေါ်ရပ်ကွက်တွေမှာ
ရွေ့လျားဆေးခန်းတွေဖွင့်တာ၊ သွေးလွန်တုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ တွေအတွက် တုံ့ပြန်ဆောင်ရွက်ရေး
လုပ်ငန်းစဉ်တွေကို ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ကျန်းမာရေး
စောင့်ရှောက်မှုတွေ ပုံမှန်အတိုင်း စဉ်ဆက်မပြတ်လည်ပတ်နိုင်တဲ့အထိ ကျွန်တော်တို့ ဆောင်ရွက်ပေးသွားမှာ
ဖြစ်ပါတယ်။
ဦးအေးလွင် (လက်ထောက်ကျန်းမာရေး မှူး၊
အရေးပေါ်တုံ့ပြန်ရေးဆေးအဖွဲ့)
မိုခါမုန်တိုင်းအလွန် ရခိုင်ပြည်နယ်အတွင်းလိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့
လာရောက် တာဖြစ်ပါတယ်။ ဒီမှာက မုန်တိုင်းကြောင့် ကျန်းမာရေးအဆောက်အအုံတွေ ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တဲ့အတွက်
လိုအပ်တဲ့နေရာတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ကွင်းဆင်းကုသ
ပေးနေတာဖြစ်ပါတယ်။ အဓိကအဖြစ် များတဲ့သွေးလွန်တုပ်ကွေးနဲ့ ဝမ်းလျှော
ဝမ်းပျက်ရောဂါတွေကို အများဆုံး ကုသမှုပေးနေပါတယ်။
အအေးမိနှာစေးဖြစ်ပွားမှုတွေလည်းရှိသလို ဆီးချို၊ သွေးတိုးလူနာတွေကိုလည်း ကုသပေးနေပါတယ်။
လိုအပ်တဲ့ဆေးဝါးတွေကို လည်း လုံလောက်အောင် ဖြည့်ဆည်းဆောင်ရွက်ထားရှိပါတယ်။ နယ်မြေဒေသအလိုက်
ကျန်းမာရေးဝန်ထမ်းတွေ နဲ့ချိတ်ဆက်ပြီးလည်း ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်
ရှိပါတယ်။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အလားတူ ကျောက်ဖြူမြို့နယ်ရှိဒေသခံပြည်သူများကို သဘာဝဘေးအန္တရာယ်
ကူညီကယ်ဆယ်ရေးအဖွဲ့ အမှတ်(၆) နယ်လှည့်ဆေးကုသရေး အဖွဲ့က
အခမဲ့ကျန်းမာရေးစောင့်ရှောက် ပေးနေမှုနှင့် စားရေရိက္ခာထောက်ပံ့ပေးလျက်ရှိသဖြင့် တာဝန်ရှိသူများနှင့်
ဒေသခံပြည်သူများအား ဇွန်လ ၁၅ ရက် နေ့တွင် တွေ့ဆုံမေးမြန်းထားပါသည်။
ဒေါ်ဌေးစိန် (ရခိုင်ပိုက်ဆိပ်ရပ်ကွက်၊
ပြည်တော်သာရေတွင်းအနီး)
ကျွန်မနာမည်ကတော့ ဒေါ်ဌေးစိန်ဖြစ်ပါတယ်။
ကျောက်ဖြူမြို့နယ် ရခိုင် ပိုက်ဆိပ်ရပ်ကွက် ပြည်တော်သာ ရေတွင်းအနီးကနေ လာရောက်ပြီး
ဆေးကုသမှုခံယူတာပါ။ မနေ့ည ကတည်းက ရပ်ကွက်နေပြည်သူတွေကို နယ်လှည့်ဆေးကုသရေးအဖွဲ့တွေ
အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးမယ်၊ မည်သူမဆို လာရောက်ပြသနိုင်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက
တစ်ဆင့် အသံချဲ့စက်နဲ့ လှည့်လည်ကြေညာခဲ့လို့ ကျွန်မတို့သိရှိ ပြီး အခုလိုလာရောက်ပြသ
တာပါ။
ကျွန်မက ခဏခဏဒူးနာတယ်၊ ပေါင်နာတယ်၊ သွေးတိုးရောဂါရှိတယ်။
ခေါင်းမူးတယ်၊ ဆေးကို အမြဲတမ်း သောက်နေရပါတယ်။ ဆေးသောက်ရင် လည်း ခဏပဲသက်သာတယ်။ အပြင်
ဆေးခန်းတွေ သွားပြမယ်ဆိုရင်လည်း ကျွန်မအနေနဲ့ပိုက်ဆံက အဲဒီလောက် မတတ်နိုင်ဘူးလေ။ ဒါကြောင့်
နယ်လှည့် ဆေးကုသအဖွဲ့တွေရောက်တုန်း အထူးကု တွေ၊ ဆရာဝန်ကြီးတွေနဲ့ လာရောက်ပြသ
တာဖြစ်ပါတယ်။ ဆရာဝန်နဲ့သူနာပြုတွေက လိုအပ်တဲ့ကျန်းမာရေးစစ်ဆေးမှုတွေကို
စနစ်တကျဆောင်ရွက်ပေးပြီး ဆေးဝါးတွေကိုလည်း အခမဲ့ပေးပါတယ်။ ဒါ့အပြင် ကျွန်မတို့လို အခြေခံလူတန်း
စားတွေနဲ့ ဆေးကုဖို့လာရောက်ကြသူတွေကို အခမဲ့ဆေးကုသပေးတဲ့အပြင် ဆန်နဲ့မီးဖိုချောင်သုံးပစ္စည်းတွေကိုပါ
ထောက်ပံ့ပေးလို့ နိုင်ငံတော်အကြီးအကဲတွေနဲ့ ဆရာဝန်၊ သူနာပြုတွေ၊ တာဝန်ရှိသူတွေကို
အထူးကျေးဇူးတင်မိပါတယ် လို့ ပြောချင်ပါတယ်။
ဦးမောင်ကျန်လူ (ဆားပြင်ကွင်း၊ ရခိုင် ပိုက်ဆိပ်ရပ်ကွက်)
ကျွန်တော့်အမည်ကတော့ ဦးမောင်ကျန်လူဖြစ်ပါတယ်။ ကျောက်ဖြူမြို့နယ်
ဆားပြင်ကွင်း ရခိုင်ပိုက်ဆိပ်ရပ်ကွက်မှာ နေပါတယ်။ အခုလို ကျွန်တော်တို့နေတဲ့
ရပ်ကွက်ကို တပ်မတော်က ဆရာဝန်ကြီးတွေ၊ အထူးကုတွေပါတဲ့ ဆေးကုအဖွဲ့လာရောက်ဆေးကုပေးလို့
အတိုင်းမသိ ဝမ်းသာမိပါတယ်။ အပြင်ဆေးခန်းတွေကိုပြမယ်ဆိုရင် ကျွန်တော်တို့လိုတော်ရုံလူတွေက
မတတ်နိုင်ဘူးလေ။ နယ်လှည့်ဆေးကုသရေးအဖွဲ့က မုန်တိုင်းဘေးဒဏ် သင့်ခဲ့တဲ့ရပ်ကွက်၊
ကျေးရွာနေပြည်သူတွေကို အခမဲ့ဆေးကုသပေးတယ်။ ဆေးဝါးတွေကိုလည်း အခမဲ့ပေးတယ်။ ဆေးလာကုသူတွေ
အကုန်လုံးကိုလည်းဆန်နဲ့ပစ္စည်းတွေ ထောက်ပံ့ပေးတယ်။ နောက်နောင်လည်း မကြာခဏလာရောက်ပြီး
ကုသပေးရင်တော့အတိုင်းမသိ ပိုလို့ဝမ်းသာမိမှာပါ။ အခုလို မုန်တိုင်းဒဏ်ကြောင့်
အခက်အခဲတွေဖြစ်နေချိန်မှာ အဘက်ဘက်က ကူညီပေးနေတဲ့ တာဝန်ရှိသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်လို့
ပြောချင် ပါတယ်။
ဗိုလ်ကြီးကျော်စံဝင်း (သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့
အမှတ်(၆) နယ်လှည့်ဆေးကုသရေး အဖွဲ့)
ကျွန်တော်ကသဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့ အမှတ် (၆)
နယ်လှည့်ဆေးကုသရေး အဖွဲ့က ဗိုလ်ကြီးကျော်စံဝင်းဖြစ်ပါတယ်။ ကျွန်တော်တို့
နယ်လှည့်ဆေးကုသရေး အဖွဲ့အနေနဲ့ ကျောက်ဖြူမြို့ကို မေလ ၁၆ ရက်နေ့မှာ စတင်အခြေပြုခဲ့ပြီး
မုန်တိုင်းဒဏ်သင့် ရပ်ကွက်တွေကို လှည့်လည်ပြီးတော့ အခမဲ့ဆေးကုသမှု၊
ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့ ဒီနေ့အထိကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တာ
ဒေသခံပြည်သူ ၁၃၈၁ ဦး ရှိသွားပါပြီ။
ဒီမှာအများဆုံးတွေ့ရတဲ့ရောဂါတွေကတော့ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊
အရိုးအကြောနဲ့ ပတ်သက်တဲ့ရောဂါတွေ တွေ့ရပါတယ်။ ဆေးကုသပေးတာကတော့
မုန်တိုင်းဒဏ်သင့်တဲ့ရပ်ကွက်၊ ကျေးရွာတွေကို သွားရောက်ကုသတယ်။ လက်ရှိအချိန်အထိဆေးကုခဲ့တဲ့နေရာ
ခုနစ်နေရာ၊ ရှစ်နေရာလောက်ရှိပြီးတော့ ဒေသခံပြည်သူ တစ်ထောင်ကျော်ကို
ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင် ရွက်ပေးထားပြီးဖြစ်ပါတယ်။ ကျွန်တော်
တို့အဖွဲ့အနေနဲ့ လာရောက်ပြသကြတဲ့ လူနာတွေကို အခမဲ့ကျန်းမာရေး
စောင့်ရှောက်မှုတွေပေးတယ်။ လူနာတွေအတွက် လိုအပ်တဲ့ဆေးဝါးတွေကို အခမဲ့ပေးတယ်။ ဒါ့အပြင်
ခုနစ်ရက်စာ ပါတဲ့ ရိက္ခာထုပ်နဲ့ ရေသန့်တွေကိုလည်း ထောက်ပံ့ပေးခဲ့ပါတယ်။
ကျောက်ဖြူမြို့တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် လေပြင်းဒဏ်ခံစား
ခဲ့ရသော ပြည်သူများအား ဆေးကုသမှု အခက်အခဲမရှိစေရန်အတွက် သဘာဝဘေးအန္တရာယ်
ကူညီကယ်ဆယ်ရေးအဖွဲ့ အမှတ် (၆) နယ်လှည့်ဆေးကုသရေး အဖွဲ့မှ ခွဲစိတ်အထူးကုပါရဂူ ဗိုလ်ကြီး
ထင်လင်း၊ အထွေထွေရောဂါကုသမှု ဆရာဝန် ဗိုလ်ကြီးကျော်စံဝင်းနှင့်
သူနာပြုများပါဝင်သည့်အဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုများကို အခမဲ့
ဆောင်ရွက်ပေးလျက်ရှိရာ သွားနှင့် ခံတွင်းရောဂါ ခံစားနေရသူများ၊ မျက်စိ ဝေဒနာ ခံစားနေရသူများ၊
နာမကျန်း ဖြစ်နေသူများနှင့် ကလေးသူငယ်များ လာရောက်၍ ဆေးကုသမှုခံယူလျက် ရှိသည်။ ။
ဒေါက်တာဝင်းသူရမြင့်
တွေ့ဆုံမေးမြန်း အောင်ရဲသွင်၊ တင်ထွန်းဦး၊
ဖြိုးဝေလင်း(ပြန်/ဆက်)
No comments:
Post a Comment