(ယမန်နေ့မှအဆက်)
ရန်ကုန် ဇွန် ၄
ကာတွန်းမူလတန်းအဆင့် ပြိုင်ပွဲတွင် မနှင်းဧကရီလင်း အလက(၃) ဒဂုံမြို့သစ် မြောက်ပိုင်းက ပထမ၊ မဆောင်းလေပြေ အမက(ဂွေးပင်) ကျောက်တန်းက ဒုတိယနှင့် မသွန်းနဒီဦး အထက(၂) ကျောက်တန်းက တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် မပန်ဆုပြည့်သျှန် D.H.S ကိုယ်ပိုင်ကျောင်း ဒဂုံမြို့သစ်မြောက်ပိုင်း၊ မမေဖူးဖူးမောင် အမက(၁)သာကေတနှင့် မအိမ့်ခြူးသံစဉ်မြတ်သူ အထက(၁) ဒဂုံတို့က ဆုများရရှိကြပါသည်။
ကာတွန်းအလယ်တန်းအဆင့် ပြိုင်ပွဲတွင် မအိမွန်ဆွေ အလက (မြို့မ)ကျောက်တန်းက ပထမ၊ မအေးချမ်းမြင့်မိုရ် အလက(မြို့မ) ကျောက်တန်းက ဒုတိယနှင့် မပန်တျာနှင်းဆီလွင် အထက(၁)ဒဂုံက တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် မအေးချမ်းမျိုးမြတ် အလက(မြို့မ) ကျောက်တန်း၊ မပြည့်ပြည့်မင်းကြူ ထ(ခွဲ)ရန်အောင်မြေ တာချီလိတ်နှင့် မဝင်းလဲ့ရွှေရည်ထွန်း အထက(၁၇) အောင်မြေသာဇံတို့က ဆုများရရှိကြပါသည်။
ကာတွန်းအထက်တန်းအဆင့် ပြိုင်ပွဲတွင် မနှင်းနဒီဦး အထက(၂)ကျောက်တန်းက ပထမ၊ မောင်အောင်ကောင်းသျှန် အထက(၁) ကျောက်တန်းက ဒုတိယနှင့် မဖူးသစ်ကို အထက(၂) လသာက တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် မောင်ဝေဖြိုးကျော် အထက(၁)ကျောက်တန်း၊ မောင်ဉာဏ်လင်းထွန်း ကောင်းစုစံပညာ့ရိပ်မွန်ကိုယ်ပိုင်ကျောင်း ရွှေပြည်သာနှင့် မထက်နဒီအောင် အထက(၂) ကျောက်တန်းတို့က ဆုများရရှိကြပါသည်။
ပိုစတာမူလတန်းအဆင့် ပြိုင်ပွဲတွင် မောင်လရိပ်ဈာန် အလက(၃) ဟင်္သာတကပထမ၊ မသင်းဟေသာစိုး အမက(၇)ဖျာပုံက ဒုတိယနှင့် မနှင်းထက်စိုပြေ အမက(ရေကျော်)ဇလွန်က တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် မလင်းဂျူးဂျူးဖွေး အထက(၆)မော်လမြိုင်၊ မသွန်းဟေသော် CAE ကိုယ်ပိုင်ကျောင်း(နန်းဦးလွင်)ပုသိမ်ကြီးနှင့် မောင်ဇော်ရဝေထွန်း အထက(၅)ကျိုင်းတုံတို့က ဆုများ ရရှိကြပါသည်။
ပိုစတာအလယ်တန်းအဆင့် ပြိုင်ပွဲတွင် မရွှန်းလဲ့မွန်အောင် အထက(၄)မကွေးက ပထမ၊ မဆုပြည့်ပြည့်ကျော် အထက(၁)ဖြူးက ဒုတိယနှင့် မောင်ကျော်စိုးမိုးသန့် အထက(၉) မော်လမြိုင်က တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် မဇူဇီသက်အထက(၁)မြိတ်၊ မောင်ဖုန်းမြင့်သူ အထက(၇)တောင်ငူနှင့် မသော်တာလရောင် ထ(ခွဲ) အလက(၁) မကွေးတို့က ဆုများရရှိကြပါသည်။
ပိုစတာအထက်တန်းအဆင့် ပြိုင်ပွဲတွင် မောင်ဉာဏ်လင်းအောင် ထ(ခွဲ)နန်းတော်ကုန်း မကွေးက ပထမ၊ မမေသူဇာထွန်း လမ်းပြကြယ် ကိုယ်ပိုင်ကျောင်းမကွေးက ဒုတိယနှင့် မသန္တာချမ်းမြေ့ချို အထက(၁) တောင်ငူက တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် မပီတိချိုထ(ခွဲ)အလက(၁)မြောင်းမြ၊ မထက်နဒီအောင် အထက(၂)ကျောက်တန်း နှင့်မအိသော်တာကျော်အထက(၉) မော်လမြိုင်တို့က ဆုများရရှိကြပါသည်။
ကွန်ပျူတာပန်းချီအလယ်တန်းအဆင့် ပြိုင်ပွဲတွင် မမေဝန်းခင် ထ(ခွဲ)ကန်သာ မကွေးကပထမ၊ မောင်စိုင်းသီဟထွန် အထက(၁) လွိုင်ကော်က ဒုတိယနှင့် မခွန်းဝဿန်ကို အထက(၄) မကွေးက တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် မအိအိမွန် အထက(၁)စစ်ကိုင်း၊ မမွန်မြတ်မြင့် အထက(၁၆)ချမ်းအေးသာဇံနှင့် မောင်ကျော်ထင်ဘုန်းထွဋ် ကန်စွန်းအင်း ကိုယ်ပိုင်ကျောင်းမြိတ်တို့က ဆုများ ရရှိကြပါသည်။
ကွန်ပျူတာပန်းချီအထက်တန်းအဆင့် ပြိုင်ပွဲတွင် မရှုမဝ TTC ကမာရွတ်က ပထမ၊ မောင်ဇေယျာလင်း အထက(၃)လွိုင်ကော်က ဒုတိယနှင့် မောင်ဟန်ထူးဇင် လမ်းပြကြယ်ကိုယ်ပိုင်ကျောင်း မကွေးက တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် မောင်ဘုန်းခန့်ကျော် လမ်းပြကြယ်ကိုယ်ပိုင်ကျောင်း မကွေး၊ မောင်ဟိန်းထက်အောင် အထက(ပထက်)ကျွန်းစုနှင့် မမိုးသီရိကျော် အထက(၂)စစ်တွေတို့က ဆုများရရှိကြပါသည်။
ဆောင်ပုဒ် ပြိုင်ပွဲတွင် ဦးဝင်းမော်(ကိုဝင်းမော်ထွန်း) မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီးမှ “မူးယစ်ဆေးရန်တို့တွန်းလှန်ကြိုးစားတိုက်ဖျက်နိုင်ငံအတွက်”၊ ဒေါ်ဖြူဖြူစိန် နေပြည်တော်မှ “မူးယစ်ကင်းစင်တို့ပြည်တစ်ခွင် သာယာလှပလူမှုဘဝ”၊ ဒေါက်တာသံလွင်ထွန်း နေပြည်တော်မှ “ငါတို့ရဲ့အနာဂတ်သာယာလှပဖို့ မူးယစ်ကင်းစင်ကမ္ဘာဖန်တီးစို့”၊ ဗိုလ်မှူးထင်ကျော်(မိုးတိမ်- ရွှေညာမြေ) ပြင်ဦးလွင်မြို့ မန္တလေးတိုင်းဒေသကြီးမှ “မျိုးဆက်သစ်များတိုးတက်ဖို့ မူးယစ်ဆေးမှန်သမျှတိုက်ထုတ်စို့”၊ ဦးစန်းငွေ(ကိုစန်းငွေ-ဧရာဝတီ) ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီးမှ“လုံခြုံစိတ်ချပြည်သူဘဝ မူးယစ်မှန်သမျှ တိုက်ဖျက်ကြ”နှင့် ဒုရဲမှူး သာထွဏ်းလွင်(ငြိမ်း) (ရွှေလရောင်-ဟင်္သာတ) ဟင်္သာတမြို့၊ ဧရာဝတီတိုင်းဒေသကြီးမှ “မိသားစုနွေးထွေးမှုဖြင့် မိမိတို့၏ရင်သွေးများအား မူးယစ်ဆေးဝါးအန္တရာယ်မှကာကွယ်ကြပါစို့” ဆောင်ပုဒ်တို့က ဆုများရရှိကြပါသည်။
ဗဟိုအဆင့်ပြိုင်ပွဲဆုရရှိသူများနှင့် နေပြည်တော်ကောင်စီနယ်မြေ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဆုရရှိသူများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များတွင် ကျင်းပပြုလုပ်သည့် အခမ်းအနားများတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ပါသည်။
သတင်းစဉ်
No comments:
Post a Comment