နေပြည်တော်၊ ဇွန် ၂၀
ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း
လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် (ရေ) မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇွန် ၁၈
ရက် ညနေ ၄ နာရီခန့်တွင် ကျောက်ဖြူမြို့ အနောက်မြောက်ဘက် ၃၀ မိုင် ခန့်အကွာရှိ
မြန်မာပင်လယ်အတွင်း၌ ကုန်တင်ရေယာဉ် တစ်စီး စက်ပျက်မျောပါနေကြောင်း
သတင်းအရသွားရောက်ရှာဖွေရာ စက်ပျက်၍မျောပါနေသည့် MV ရွှေနန်းရှင် အမည်ရှိ ကုန်တင်ရေယာဉ်အား ရေယာဉ်အမှုထမ်း ၁၇
ဦးနှင့်အတူတွေရှိခဲ့သဖြင့် ၎င်းကုန်တင်ရေယာဉ်အား တွဲဆွဲ၍ ကျောက်ဖြူမြို့သို့
ပို့ဆောင်ပေးခဲ့ကြောင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ
ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment