နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်အကောင်အထည်ဖော်လျက်ရှိသည့် စီးပွားရေးဦးတည်ချက်တွင်ပါရှိသည့် “သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကိုအခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး” ဦးတည်ချက်ကို အကောင်အထည် ဖော်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်
MSME လုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ မကြာခဏသွားရောက်ပြီး MSME
လုပ်ငန်းများနှင့်ပတ်သက်၍ အားပေးခြင်း၊ အကြံပေးခြင်း၊
ညှိနှိုင်းဆွေးနွေးပေးခြင်းတို့အပြင် လိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးလျက်ရှိသည်။
MSME လုပ်ငန်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်အကြီးအကဲ၏ခရီးစဉ်များတွင်
လမ်းညွှန်ခဲ့သည့်ညွှန်ကြားချက်များ အချက် ၁၉၀ ကျော်ရှိသည်။
လုပ်ငန်းရှင်များနှင့်ဒေသခံပြည်သူများ၏ တင်ပြချက်များမှာ အချက် ၂၃၀ ကျော်ရှိသည်။
လုပ်ငန်းရှင်များနှင့်ပြည်သူများ၏ တင်ပြချက်များတွင်
နည်းပညာ၊ ငွေကြေး၊ ဈေးကွက်နှင့်မြေနေရာ၊ ကုန်ကြမ်း၊ စက်ပစ္စည်းနှင့်
အခြားကဏ္ဍများပါဝင်သည်။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များမှ အဓိကအခြေခံအချက်များမှာ
ပြည်တွင်းထုတ်ကုန်အားပေးရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်တိုးမြှင့်ရရှိစေရန်ဖြစ်သည်။
နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်များနှင့်တင်ပြချက်များကို အကောင်အထည်ဖော်နိုင်ရန်
အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ဦးဆောင်သည့် လုပ်ငန်းကော်မတီနှင့်
သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အေဂျင်စီများက အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အပေါ်မူတည်ပြီး
လုပ်ငန်းကော်မတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အေဂျင်စီများညှိနှိုင်းကာ
ကုန်ထုတ်နယ်ပယ်များကို သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။ ကုန်ထုတ်နယ်ပယ်များအနေဖြင့် အဓိကကျသော
ဆီထွက်သီးနှံအပါအဝင် စားသောက်ကုန်လုပ်ငန်း၊ ဆန်နှင့် ဆန်ကွဲ၊ ပီလော ပီနံ၊ ရော်ဘာ၊
ဝါ၊ ကော်ဖီနှင့်လက်ဖက်၊ သစ်တောထွက်ပစ္စည်း၊ ကြိမ်/ဝါး၊ သား၊ ငါး၊ တိရစ္ဆာန်အစားအစာနှင့်
ဆေးဝါးအခြေခံ ထွက်ကုန်ထုတ်လုပ်နိုင်ရန် ဒေသအလိုက်ရရှိနိုင်သည့် ကုန်ကြမ်းပေါ်မူတည်၍
ထွက်ကုန်နယ်ပယ်သတ်မှတ်ရေးနှင့် ပြည်ပသို့တင်ပို့နိုင်သည်အထိ
ရည်ရွယ်ဆောင်ရွက်နေသည်။
MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး
ရေရှည်အာမခံချက်ရှိရန် SME ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို MSME
ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအဖြစ် ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်ရန်၊
ဒေသထွက်ကုန်ကြမ်းများကိုအသုံးပြုပြီး သွင်းကုန်အစားထိုး ထုတ်ကုန်များနှင့်
တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်
ဦးစားပေးထုတ်လုပ်ရမည့်ထုတ်ကုန်များကို ခွဲဝေသတ်မှတ်ပေးရန်၊ ကုန်ထုတ်လုပ်မှု
သမဝါယမအသင်းများတည်ထောင်ပြီး သမဝါယမစနစ်နှင့်ကုန်စည်ဒိုင်များ ချိတ်ဆက်ဆောင်ရွက်ရန်၊
MSME ထုတ်ကုန်အမှတ်တံဆိပ်များတွင် ဖော်ပြထားသည့်အချက်အလက်များ
စနစ်တကျရှိစေရေး တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန်၊
ဒေသအသီးသီးရှိ ကုန်စည်သတင်းအချက်အလက်များနှင့် ပြည်ပပို့ကုန်သတင်းအချက်အလက်များကို
MSME လုပ်ငန်း ရှင်များသိရှိစေရန် နိုင်ငံပိုင်မီဒီယာများတွင်
ထည့်သွင်းဖော်ပြကြေညာပေးရန်၊ MSME ဆိုင်ရာသတင်းအချက်အလက်များ
ဖြန့်ဝေပေးနိုင်မည့် Information Mechanism တစ်ခုတည်ထောင်နိုင်ရေးဆောင်ရွက်ရန်နှင့်
၂၀၁၈ ခုနှစ် အာဆီယံ SME မူဝါဒဆိုင်ရာ
အညွှန်းကိန်းအစီရင်ခံစာပါ အချက်အလက်များစသည်တို့ကို အကောင်အထည်ဖော်နိုင်ရန်
ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ နိုင်ငံတော်အကြီးအကဲ လမ်းညွှန်မှာကြားထားသည့်
MSME လုပ်ငန်း များအတွက်
အခြေခံအချက် (၃)ချက်ဖြစ်သည့် ပြည်တွင်းထုတ်ကုန်အားပေးရန်၊ သွင်းကုန်အစားထိုးရန်၊
ပို့ကုန်တိုးမြှင့်ရရှိစေရန် လုပ်ငန်းကော်မတီနှင့်တိုင်းဒေသကြီး၊ ပြည်နယ်အေဂျင်စီများ
ပေါင်းစပ်ညှိနှိုင်း၍ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန် အတွက် MSME လုပ်ငန်းများ
ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံအတွင်းထုတ်ကုန်များစွာ ထုတ်လုပ်နိုင်ကာ
စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။ ။
No comments:
Post a Comment