ချီဖွေ ဇွန် ၁၅
ကချင်ပြည်နယ်၊ ချီဖွေမြို့အား ခရိုင်မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေပြီး ဒေသတွင်းစိုက် ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်မြှင့်မားစေရေးနှင့် နေရပ်စွန့်ခွာမိသားစုများ ရွှေ့ပြောင်းနေရာ ချထားပေးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇွန် ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် တာဝန်ရှိသူများနှင့်အတူ ချီဖွေမြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ဇွန် ၁၂ ရက် နံနက် ၇ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော် မင်းခိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မြစ်ကြီးနားမြို့ကမ်းနားလမ်းတစ်လျှောက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အရာထမ်း၊ အမှုထမ်းများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ၏ စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက်
ချီဖွေမြို့သို့ မော်တော်ယာဉ်တန်းဖြင့် ထွက်ခွာခဲ့ကြပြီး ချီဖွေမြို့နှင့်
(၆)မိုင်အကွာ နန်းဦးကျေးရွာအနီးရှိ ချီဖွေငယ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၌
စက်ရုံအတွင်း ချီဖွေငယ်ရေ အားလျှပ်စစ်မှ နိုင်ငံတော်ဓာတ်အားစနစ်နှင့်
ချိတ်ဆက်ထားရှိမှု၊ စက်ရုံပတ်ဝန်းကျင်ရှိ ချီဖွေမြို့နှင့် အနီးရှိကျေးရွာများသို့
ဓာတ်အားထုတ်လွှင့်ပေးနိုင်မှုနှင့် စက်များလည်ပတ်နေမှု အခြေအနေများကို
စက်ရုံတာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြမှုများကို
လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ စက်ရုံ ရုံးအဆောက်အအုံအတွင်းရှိ
အစည်းအဝေးခန်းမ၌ SPIC ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်
တွေ့ဆုံပြီး စက်ရုံတာဝန်ရှိသူများ၏ စက်ရုံလည်ပတ်နေမှုအခြေအနေများ၊ နှစ် အလိုက်၊
လအလိုက်နှင့် ရေအမှတ် အနိမ့်အမြင့်အလိုက် စက်တစ်လုံးစီမှ ထုတ်လုပ်နိုင်မှု အခြေအနေ
များနှင့် စပ်လျဉ်း၍ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ၂၃၀ ကေဗွီ
ဝိုင်းမော်-နဘားဓာတ် အားလိုင်း ၁၃၇.၆ မိုင်အား အမြန်ဆုံး
အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးရေးနှင့် လိုအပ်သည်များ ကို
ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက်
အဆိုပါ နန်းဦးကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၁၀
သိန်းဖြင့် နှစ်ရှည်သီးပင်ဆောင်ရွက်သော တောင်သူဦးဂျီခေါယိန်း၏ လိမ္မော်ခြံဧက ၁၂
ဧကအတွင်း လိမ္မော်သီး ပင်များ ပြုစုပျိုးထောင်စိုက်ပျိုးထားရှိမှု အခြေအနေများကို
လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက်
ချီဖွေမြို့ဘာလဲ့ရပ်ကွက်အတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး
အစည်းအဝေးခန်းမ၌ ချီဖွေခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊
ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့များမှ
တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲကျင်းပသည်။
တွေ့ဆုံရာတွင်
ပြည်နယ်ဝန်ကြီးချုပ်က ချီဖွေဒေသသည် ခရိုင်အဆင့်တစ်ခုဖြစ်လာသည်နှင့်အညီ
ခရိုင်အဆင့်လျှော်ညီသည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊
လူမှုစီးပွား ဘဝဖွံ့ဖြိုးရေးကိုအားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သလို
နှစ်ရှည်သီးနှံဖြစ်သည့်ဒေသထွက် လိမ္မော်စိုက်ပျိုးထုတ်လုပ်မှု
ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ဒေသနှင့်ကိုက်ညီသည့်
မွေးမြူရေးလုပ်ငန်းများကိုလည်း တစ်ပြေးညီတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားရမည်
ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများသာမက
ဒေသခံ ပြည်သူလူထုက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုကြောင်းနှင့်
ထိုအပြင်ချီဖွေဒေသရှိ နေရပ်စွန့်ခွာစခန်းများ ပိတ်သိမ်းနိုင်ရေးနှင့် မိသားစုများ
ပြန်လည်ထူထောင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း
တိုက်တွန်းမှာကြားသည်။
ဆက်လက်၍
ချီဖွေခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ချီဖွေဒေသဆိုင်ရာအချက်အလက်များ နှင့်
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာအဆောက်အဦများနှင့်
ဝန်ထမ်းအိမ်ရာများရရှိရေးကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က
ခရိုင်ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၁၂ သိန်း၊ ချီဖွေနှင့်
ဆော့လော်မြို့နယ်များအတွက် ထောက်ပံ့ငွေကျပ်သိန်း (၂၀)၊ ပန်ဝါမြို့အတွက်
ထောက်ပံ့ငွေကျပ် (၅)သိန်းတို့ အသီးသီးထောက်ပံ့ပေးအပ်ပြီး
ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးကခရိုင်၊
မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များအတွက် ခြုံပဝါများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက်ရပ်မိရပ်ဖများက
ခရိုင်အတွင်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက် များဖြစ်သည့် ပညာရေး၊
ကျန်းမာရေး၊ လမ်း၊ တံတားနှင့် သောက်သုံးရေဖူလုံစွာရရှိရေး၊ မြို့တော် ခန်းမ၊ မူးယစ်ဆေးဝါးနှိမ်နှင်းရေး
ကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊
ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင် ရာကဏ္ဍအလိုက်
ဖြည့်ဆည်းဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများကို ပြန်လည်ရှင်းလင်းတင်ပြ
ခဲ့သည်။
ယင်းနောက်
ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါရပ်ကွက်အတွင်း ခရိုင်တရားရုံး၌ ခရိုင်နှင့်
မြို့နယ်တရားသူကြီးများ၊ တရားရေးဝန်ထမ်းများနှင့် သွားရောက်တွေ့ဆုံပြီး
ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က
တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များ ဆောင်ရွက်နေမှု အခြေအနေများနှင့်
လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ ခရိုင်တရားရုံး မြေနေရာရရှိရေးအတွက်
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်
ဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က တရားရေးဝန်ထမ်းများအတွက်
ထောက်ပံ့ငွေကျပ် (၅)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူ
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဇွန် ၁၃ ရက် နံနက် ၈ နာရီတွင်
ချီဖွေမြို့ ရစ်လော်ရပ်ကွက် ဘောလုံးကွင်းအနီးမြေကွက်လပ်တွင် ပြည်နယ်အစိုးရအဖွဲ့မှ
ကြီးမှူးကျင်းပပြု လုပ်သော ၂၀၂၃ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့
တက်ရောက်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများ၊ ရပ်မိ/
ရပ်ဖများနှင့် ဒေသခံပြည်သူများထံ ပျိုးပင် များကို လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတွင်
ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်နှင့်ဇနီး၊
ပြည်နယ်ဝန်ကြီးများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊
ဌာနဆိုင်ရာများ၊ လူမှု ရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့်အတူ
သတ်မှတ်နေရာအသီးသီး တွင် ကျွန်း၊ ပျဉ်းကတိုး၊ ယင်းမာ၊ ရေမနေ၊ ထင်းရှုး၊ ကံ့ကော်ပင်
စသည့် အရိပ်ရနှစ်ရှည်ပင် ၂၀၀ ကျော်ကို အတူတကွ စုပေါင်းစိုက်ပျိုးခဲ့ကြပြီး
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်ပင် စိုက်ပျိုးပွဲ
တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြကာ အဆိုပါ ရပ်ကွက်အတွင်း
ချီဖွေချောင်းနှင့် မေခမြစ်ဆုံနေရာ၌ မြစ်ရေတိုက်စားမှုကို ကာကွယ်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့်
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ချီဖွေချောင်းတစ်ဖက်ကမ်းရှိ ကန်ပိုင်ယန်ရပ်ကွက်
အခြေခံပညာမူလတန်းကျောင်း၌ IDPs စခန်း(၂)ခုမှ အဆိုပါရပ်ကွက်၎င်းတို့၏
နေအိမ်များတွင် ပြန်လည်ပြောင်းရွှေ့နေထိုင်ကြမည့် အိမ်ထောင်စုများနှင့်
တွေ့ဆုံပြီး ပြည်နယ် ဝန်ကြီးချုပ်က နေရပ်စွန့်ခွာစခန်းများတွင် (၁၀)နှစ်ကျော်ကြာ
အခက်အခဲများကို ရင်ဆိုင်ခဲ့ကြပြီး နေထိုင်လာခဲ့ရာမှ ယခုနေရပ်ကျေးရွာများတွင်
ပြန်လည်အခြေအချပြောင်းရွှေ့နေထိုင်ကြမည်ဖြစ် သဖြင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့်
လိုအပ်သည့် အခြေခံအဆောက်အအုံများကို ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက်နေသကဲ့သို့
မိသားစုများအနေဖြင့်လည်း မိမိတို့ဘဝရပ်တည်နေထိုင်နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း
တိုက်တွန်းမှာကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက
ကန်ပိုင်ယံရပ်ကွက်အတွင်း ရွှေ့ပြောင်းနေ ထိုင်ကြမည့် မိသားစု (၄၃)စု၊ လူဦးရေ
(၁၉၉)ဦးတို့အတွက် ICRC နှင့် ပူးပေါင်း၍ နေအိမ်နှင့် ရေရှိရေး
လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်နယ်ရန်ပုံငွေဖြင့် လျှပ်စစ်မီးလင်းရေး၊
ကွန်ကရစ် လမ်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့်
ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးရမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ
ပြည်နယ်ဝန်ကြီးချုပ်က အမြန်ဆုံးရွှေ့ပြောင်းနေထိုင်နိုင်ရေးအတွက် လုပ်ငန်းစီမံ
ကိန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်
ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ကျေးရွာအုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ငွေကျပ်
(၁၀)သိန်းနှင့် မုန့်များကိုထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍
အဆိုပါရပ်ကွက်အတွင်း ICRC မှ မိသားစုများအတွက် တည်ဆောက်ပေးလျက်
ရှိသည့် နေအိမ်များ (၃၆)လုံးအနက် အိမ်(၁၀)လုံးတည်ဆောက်နေမှုအခြေအနေများ၊
ပြည်နယ်ရန်ပုံ ငွေဖြင့် လမ်းသွယ်(၄) အရှည်ပေ(၁၅၀)အား လမ်းသားတိုးချဲ့ပြီး
ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ လမ်းသွယ်(၁) မြစ်ဆိပ်သွားလမ်းအရှည်ပေ
(၈၀)ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး
ပြည်နယ်ဝန်ကြီးချုပ်က လျှပ်စစ်မီးရရှိရေးအတွက် (၁၁)ကေဗွီလိုင်း (၁)မိုင်၊
ထရန်စဖော်မာ (၁)လုံးနှင့် ဓာတ်အားလိုင်းပေ(၄၀၀) တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ အခြေခံပညာကျောင်း
ပြင်ဆင်ဆောက်လုပ်နိုင်ရေးနှင့် ဆရာ၊ ဆရာမဝန်ထမ်းအိမ်ရာ တည်ဆောက်ပေးနိုင်ရေး
တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည်
ချီဖွေမြို့ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၌ မြို့ပေါ် နေရပ်စွန့်ခွာစခန်း (၂)ခုမှ
အိမ်ထောင်စုများနှင့် သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အိမ် ထောင်စုများ
ပြန်လည်နေရာချထားရေးနှင့် နေရပ်ကျေးရွာများတွင် ပြန်လည်ရွှေ့ပြောင်းနေထိုင်နိုင်
ရေး အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို
ရှင်းလင်းပြော ကြားပြီး IDPs စခန်း(၂)ခုမှ စခန်းတာဝန်ခံများက
နေရပ်ကျေးရွာများနှင့် ပြန်လည်နေရာချထားပေး နိုင်ရေးအတွက်
ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကိုတင်ပြဆွေးနွေးကြရာ ပြည်နယ်
ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး စခန်းတာဝန်ခံများထံ
ငွေကျပ် ၁၀ သိန်းနှင့် မုန့်များကိုထောက်ပံ့ပေးအပ်ခဲ့ကာ အိမ်ထောင်စုများအတွက်
ဆန်အိတ်များ ထောက်ပံ့ပေး နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍
နှစ်ခြင်းအသင်းတော်ဝင်းအတွင်းရှိ IDPs စခန်းအတွင်း
အိမ်ထောင်စုများမှ သက် ကြီးဘိုးဘွားများနှင့် မသန်စွမ်းကလေးငယ်များအတွက်
ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက
ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြ သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်
အဖွဲ့ဝင်များသည် ဘာလဲ့ရပ်ကွက်အတွင်း ရစ်လော ခေါင်ရပ်ကွက်ချင်းဆက်သွယ်ထားသည့်
ရစ်ဇော်လမ်း ကွန်ကရစ်ခင်းကျင်းနိုင်ရေး၊ (၄)ခန်းတွဲ(၄)ထပ်
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန ဝန်ထမ်းအိမ်ရာ တည်ဆောက်မည့်မြေနေရာနှင့်
ခရိုင်အုပ်ချုပ် ရေးမှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဝန်ထမ်းအိမ်ရာတည်ဆောက်သွားမည့်
မြေနေရာတို့ကို လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် မဂေါင်ကျေးရွာ၌
ခရိုင်စုပေါင်းရုံးဆောက်လုပ်သွားမည့် လျာထားမြေနေရာ အခြေ အနေနှင့် ခရိုင်အဆင့်
ဌာနဆိုင်ရာရုံးများ တည်ဆောက်နိုင်ရေး လျာထားမြေနေရာများကိုနှင့်စပ်လျဉ်း ၍
တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စုပေါင်းရုံမြေနေရာ၌
သောက်သုံးရေ၊ လျှပ်စစ်မီးရရှိရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့်
ခရိုင်အဆင့်ဌာနဆိုင်ရာရုံးများ တည်ဆောက်သွားမည့် နေရာတွင် တောင်စောင်းမြို့ဖြစ်သဖြင့်
မြေဖို့တည်ဆောက်သွားမည့်နေရာ တွင်စနစ်တကျကွင်းဆင်းတိုင်းတာစစ်ဆေးဆောင်ရွက်သွားရေး၊
ရေဆင်းစနစ်များ ပြည့်စုံကောင်းမွန် အောင်ဆောင်ရွက်သွားရေး
ဌာနဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍
အဆိုပါကျေးရွာရှိ တောင်တန်းသာသနာပြုကျောင်းတိုက်၌ ကျောင်းထိုင်ဆရာ တော်အား
ဖူးမျှော်ကြည်ညိုပြီး အလှူငွေ၊ လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းကာ
ကျောင်းဝင်း အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ်ရုံးမှ
တာဝန်ယူဆောင်ရွက်လျက်ရှိသည့် (၅၃ ပေ၊ ၃၀ ပေ၊ ၂၄ ပေ)ရှိ RC နှစ်ထပ်အဆောက်အအုံတည်ဆောက်နေမှုနှင့် စပ်လျဉ်း၍ ပြည်နယ်ဦးစီးမှူး၏
တင်ပြချက်များကို ကြည့်ရှုစစ်ဆေးပြီး ကျောက်စီမြေထိန်းနံရံဖြည့်စွက်
တည်ဆောက်နိုင်ရေး ဘဏ္ဍာ ရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ရေးဆွဲတင်ပြနိုင်ရေး
ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်
အဖွဲ့သည် ဥက္ကပ်ရပ်ကွက်အတွင်းရှိ ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ဆေးရုံအုပ်၊
ကျန်းမာရေးဝန်ထမ်းနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဆေးရုံအတွင်း ဆေးဝါး
ကုသမှုခံယူနေသောလူနာများအား ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြကာ ဆေးရုံဝန်ထမ်းများ
အတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက်
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ချီဖွေမြို့မှ ပြန်လည်ထွက်ခွာခဲ့ကြပြီး
ဝိုင်းမော်မြို့နယ်၊ မန်ဒေါင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌
ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၁၂)ရွာမှ လိမ္မော်စိုက်တောင်သူများနှင့်
တွေ့ဆုံသည်။
ထို့သို့တွေ့ဆုံရာတွင်
ပြည်နယ်ဝန်ကြီးချုပ်က မန်ဒေါင်ကျေးရွာအုပ်စုမှ ထွက်သည့် မန်ဒေါင် လိမ္မော်သီးသည်
ဒေသ၏ အဓိကသီးနှံထုတ်ကုန်ဖြစ်လာရန် ဒေသခံများအနေဖြင့် မိမိတို့အစိုးရအဖွဲ့၊
ဌာနဆိုင်ရာများနှင့် အတူ ဝိုင်းဝန်းပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊
မိမိတို့ အနေဖြင့်လိုအပ်သည့် သွင်းအားစု၊ နည်းပညာပံ့ပိုးမှုနှင့်
မျိုးကောင်းမျိုးသန့်ရရှိရေးအတွက် ဖြည့် ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း
တိုက်တွန်းမှာကြားသည်။
ဆက်လက်၍
ဒေသခံတောင်သူတစ်ဦးက လိမ္မော်စိုက်ခင်းအတွင်း လိမ္မော်သီးများထွက်ရှိမှု အခြေအနေနှင့်
နှစ်ကာလကြာလာသည်နှင့်အမျှ အထွက်နှုန်းကျဆင်းပြီး အပင်များဖြစ်ထွန်းမှု အား
နည်းလျက်ရှိသည့်အခြေအနေများ၊ နှစ်ရှည်သီးနှံများ စိုက်ပျိုးလျက်ရှိသည့်
အခြေအနေများကိုလည်း ကောင်း၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်စုအတွင်း
လိုအပ်သည့် ကျေးလက်ကျန်းမာ ရေးဌာနခွဲ ရရှိရေး၊ သောက်သုံးရေလုံလောက်မှုအခြေအနေများ၊
လမ်း၊ တံတားလိုအပ်ချက်များကို လည်းကောင်း တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က
ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း
သိရှိရသည်။
ပြည်နယ် (ပြန်/ဆက်)
No comments:
Post a Comment