Thursday, June 22, 2023

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဆက်လက်ကပြသီဆိုဖျော်ဖြေ

နေပြည်တော် ဇွန် ၂၂

ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စိတ်ရွှင်လန်း ချမ်းမြေ့စေရန်နှင့် ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန်အတွက် ယနေ့ညနေပိုင်းတွင် မင်းပြားတပ်နယ်ရှိ နယ်မြေခံတပ်ခန်းမ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်/ စစ်သမီးများက အဆို/ အကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထိုသို့ဖျော်ဖြေတင်ဆက်ရာတွင် စစ်သည်/ စစ်သမီးများက မြန်မာသံစဉ်တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်း အဆို/အကများ၊ တေးသရုပ်ဖော်အကများ၊ ရယ်ရွှင်ဖွယ်ရာဟာသပြဇာတ်၊ ဒေသ၏ရိုးရာယဉ်ကျေးမှု အကအလှများ၊ ဗဟုသုတဖြစ်ဖွယ်ရာ အသိပညာပေးအစီအစဉ်များဖြင့် ကဏ္ဍစုံလင်စွာ သီဆိုကပြဖျော်ဖြေကြရာနယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးမျာ၊ အရာရှိ/ စစ်သည်/ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ပျော်ရွှင်စွာ ကြည့်ရှုအားပေးကြသည်။ ထိုသို့ သီဆိုကပြဖျော်ဖြေသော စစ်သည်/စစ်သမီးများအား တပ်နယ်မှတာဝန်ရှိသူတို့က ဆုငွေများ အသီးသီး ပေးအပ်ချီး မြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment