Friday, June 9, 2023

စစ်တွေမြို့နယ် ပါဒလိတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ မုန်တိုင်းသင့်ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်၊ ဒံပေါက်ထမင်းဘူး များ ပေးဝေလှူဒါန်း


 နေပြည်တော်၊ ဇွန် - ၉

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးကွပ်ကဲမှု အောက်ရှိ နယ်မြေခံ တပ်များမှ အထူးဆေးအဖွဲ့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် ကျန်းမာရေးဦးစီးဌာနများမှ ကျန်းမာရေးဝန်ထမ်းများက ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းသင့် ဒေသများမှ ဒေသခံပြည်သူများအား မြို့နယ်အလိုက် သတ်မှတ်နေရာများတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။

ထိုသို့‌ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိတပ်များမှ သမားတော်များ၊ အထူးကုများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော အထူးဆေးကုသရေးအဖွဲ့က စစ်တွေမြို့နယ် ပါဒလိတ်ကျေးရွာ၌ အဆိုပါကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ မုန်တိုင်းသင့် ဒေသခံပြည်သူများအား သွေးတိုးရောဂါ၊ ဝမ်းပျက်/ဝမ်းလျောရောဂါ၊ အရိုး/ အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သတ်၍ လိုအပ်သည့်ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးသည်။

 ထိုသို့ဆောင်ရွက်ပေးနေမှုများကို ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လူနာတစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားကာ SKY NET မိသားစု၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် MLCA၊ MLCP အများပိုင်ကုမ္ဗဏီလီမီတက်၊ မြန်မာ-အိန္ဒိယ- တရုတ် ချစ်ကြည်ရေးနှင့်် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း (MICA)နှင့် ဘာသာစုံ မိတ်ဆွေများမှ ရက် ၃၀ စတုဒိသာ အလှူတော်အစီအစဉ်ဖြင့် ချက်ပြုတ်လှူဒါန်းသော သီးစုံဒံပေါက် ထမင်းဘူးများအား ပေးဝေလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment