Sunday, June 4, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ပန်းတနော်မြို့နယ် တောကြီးစာဖြူစု ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်ဖွင့်ပွဲ တက်ရောက်

 


ပန်းတနော် ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် တောကြီးစာဖြူစုကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်  နာရီခွဲ တွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့ တက်ရောက်၍ ဖွင့်လှစ်ပေးကြသည်။ ရှေးဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အလှူရှင်များက ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

ဂုဏ်ယူဝမ်းမြောက်

ထို့နောက် ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ကျောင်းခန်းမ၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် က ကျောင်းဆောင် သစ်ကြီးကိုဖွင့်လှစ်၍ အနာဂတ်မျိုးဆက်များအား ပညာအမွေကို ပေးအပ်နိုင်သည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ယခုကဲ့သို့ ပညာရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို တည်ဆောက်ပေးခြင်းသည် အနာဂတ်မြန်မာ့လူ့အဖွဲ့အစည်းအား ပညာအခြေခံသည့် လူ့အဖွဲ့အစည်းများ ဖြစ်ပေါ်လာအောင် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ အသိပညာ မြင့်မားသည့် လူ့အဖွဲ့အစည်းများနှင့် အသိပညာမြင့်မားသည့်နိုင်ငံတော်ကြီးဖြစ်မှသာ ဖြစ်ပေါ်နေသည့်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းသည့် လူ့အဖွဲ့အစည်းများ တည်ဆောက်နိုင်မည်ဟု ယုံကြည်ထားပါကြောင်း၊ မိမိတို့၏နိုင်ငံတော်ကို ပညာအခြေခံမြင့်မားသည့် လူ့စွမ်းအားအရင်းမြစ်များဖြင့် တည်ဆောက် နိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လူမှုရေး ဦးတည်ချက်(၄)ရပ်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေး အတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍ မြှင့်တင် ရေးဆိုသည့်အချက်ကို ထည့်သွင်းဖော်ဆောင်လျက်ရှိပါကြောင်း၊ လူ့စွမ်းအားအရင်းမြစ် ဖွံ့ဖြိုးမှု များ၏အခြေခံသည် အခြေခံပညာကျောင်းများ၏ ပညာရေးလုပ်ငန်းများဖြစ်ပါသဖြင့် ယခုကဲ့သို့ ပညာရေး အခြေခံအဆောက်အအုံများကို တည်ဆောက်ပေးနေခြင်းဖြစ်ပါကြောင်းနှင့် ကျောင်းဆောင်သစ်ကြီး ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သူများအား အထူး ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 ဝိုင်းဝန်းပြုစုပျိုးထောင်ပေး

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယခု ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ဂုဏ်ပြုတက်ရောက်ပေးနိုင်ခြင်းကြောင့် များစွာဂုဏ်ယူမိပါကြောင်း၊ ကျောင်းသား လူငယ်များသည် ဖယောင်းကဲ့သို့ပုံသွင်းရန် လွယ်ကူသည့်အတွက် မှန်ကန်စွာပုံသွင်း ထုဆစ်ပေးရန် လိုအပ်ပါကြောင်း၊ အချို့လူငယ်များ၏ လွဲမှားသောအယူဝါဒ၊ အကျင့်စရိုက်များကြောင့် မိမိအတွက်ရော နိုင်ငံအတွက်ပါ အကျိုးမရှိဘဲ နွံနစ်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ မဖြစ်ပေါ်စေရန် အနာဂတ်လူငယ်များအား ပညာအခြေခံကောင်းသော၊ ပညာဉာဏ် အမြော်အမြင်ကြီးသော လူငယ် များဖြစ်အောင် ဝိုင်းဝန်းပြုစု ပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာမြင့်မားစေရန် ဆွေးနွေးပွဲများ၊ စကားဝိုင်းများကို ကျင်းပဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ ယခု ကျောင်းဆောင်သစ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံတော် က ချမှတ်ထားသည့် ပညာရေးမျှော်မှန်းချက်များ အောင်မြင်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဧရာဝတီတိုင်းဒေသကြီး အတွင်း ဆောင်ရွက်လျက်ရှိသည့် ပညာရေးလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် ကျောင်းဆောင်သစ်လှူဒါန်းသည့် အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးက ကျောင်းဆောင်သစ်ဆောက်လုပ် လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျောင်းဆောင် သစ်နှင့်ပတ်သက်၍ စာရွက်စာတမ်းများအား တိုင်းဒေသကြီး ပညာရေးမှူးထံ လွှဲပြောင်း ပေးအပ် သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က အလှူရှင်များ အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အထကခွဲ တောကြီး စာဖြူစုကျောင်းရှိ KG ကလေးများအတွက် ကျောင်းဝတ်စုံများထောက်ပံ့လှူဒါန်းရာ အထကခွဲ တောကြီးစာဖြူစု တာဝန်ခံကျောင်း အုပ်ဆရာမကြီးက လက်ခံရယူပြီး ကျောင်းအကျိုးဆောင် တစ်ဦးက ကျေးဇူးတင်စကား ပြောကြား သည်။

အဆိုပါ တောကြီးစာဖြူစု ကျောင်းဆောင်သစ်သည် အလျား ပေ ၁၃၀၊ အနံပေ ၃၀ နှင့် အမြင့် ၂၄ ပေရှိ RC အမျိုးအစား နှစ်ထပ်အဆောက်အအုံဖြစ်သည်။ ဖွင့်ပွဲ အခမ်းအနားအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင် ဝင်းနှင့်အဖွဲ့ဝင်များသည် တောကြီး စာဖြူစုကျေးရွာ ကွင်းအမှတ် ၅၈၂၊ ဦးပိုင်အမှတ် ၄၆/၁ ရှိ တောင်သူဦးကျော်မိုး၏ လယ်ယာမြေတွင် မိုးစပါးရာသီ တစ်ဧက အထွက်နှုန်း ၁၀ တင်း ပိုမိုထွက်ရှိရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းဆောင် ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။ 

သတင်းစဉ်

No comments:

Post a Comment