Sunday, June 25, 2023

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းသင့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နယ်မြေခံတပ်မတော်သားများ၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဆက်လက်ကပြ သီဆိုဖျော်ဖြေ

 


နေပြည်တော်၊ ဇွန် - ၂၅

ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စိတ်ရွှင်လန်း ချမ်းမြေ့စေရန်နှင့် ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန်အတွက် ယနေ့ညနေပိုင်းတွင် ပလက်ဝမြို့ရှိ နယ်မြေခံတပ်ခန်းမ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်/ စစ်သမီးများက အဆို/ အကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထိုသို့ဖျော်ဖြေတင်ဆက်ရာတွင် စစ်သည်/ စစ်သမီးများက မြန်မာသံစဉ် တေးသီချင်းများ၊ ခေတ်ပေါ် တေးသီချင်း အဆို/အကများ၊ တေးသရုပ်ဖော် အကများ၊ ရယ်ရွှင်ဖွယ်ရာ ဟာသပြဇာတ် ၊ ဒေသ၏ရိုးရာယဉ်ကျေးမှု အကအလှများ၊ ဗဟုသုတ ဖြစ်ဖွယ်ရာ အသိပညာပေးအစီအစဉ်များဖြင့် ကဏ္ဍစုံလင်စွာ သီဆိုကပြဖျော်ဖြေကြရာ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးမျာ၊ အရာရှိ/ စစ်သည်/ မိသားစုဝင် များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ပျော်ရွှင်စွာ ကြည့်ရှုအားပေးကြသည်။ ထိုသို့ သီဆိုကပြဖျော်ဖြေသော စစ်သည်/စစ်သမီးများအား နယ်မြေခံတပ်မှ တာဝန်ရှိသူတို့က ဆုငွေများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။ 

No comments:

Post a Comment