ရှေးဦးစွာ
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်
အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊
ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများနှင့်အတူ
မဲဟဲဘုန်းတော်ကြီးကျောင်း၌ သံဃာတော်(၅)ပါးထံ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး လှူဖွယ်ဝတ္တုငွေများအား
ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ကျေးရွာအုပ်စုချင်းဆက်
ကိုယ်ထူကိုယ်ထသဲဗြုန်းလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဆီဆိုင်မြို့နယ်
သံဃနာယကဥက္ကဋ္ဌ၊ ဇဝနာရာမကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာသီဟ အရှင်သူမြတ်က ဩဝါဒစကားမိန့်ကြားပြီး
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးခွန်အောင်ကျော်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့ရာ လမ်းဖြစ်မြောက်ရေးကော်မတီမှ အုပ်စုချင်းနှင့် ကျေးရွာချင်းဆက်
ကိုယ်ထူကိုယ်ထသဲဗြုန်းလမ်း ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင် ဦးခွန်အောင်ကျော်မြင့်၊ မဲဟဲကျေးရွာကျောင်းထိုင်ဆရာတော်တို့က တဘက်ကျေးရွာအုပ်စုနှင့် ကုန်းဆွတ်ကျေးရွာအုပ်စု ဆက်သွယ်ထားသည့် အုပ်စုချင်းနှင့် ကျေးရွာချင်းဆက် ကိုယ်ထူကိုယ်ထသဲဗြုန်းလမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ
သဲဗြုန်းလမ်းသစ်သည် အရှည်(၃)ဖာလုံနှင့် (၃၀)ပေ၊ လမ်းအကျယ်မှာ (၂၅)ပေ၊ တံတား၏ အလျားမှာ(၁၅)ပေ၊
အနံ (၅)ပေရှိပြီး ဒေသခံပြည်သူများက လမ်းသစ်ဖောက်လုပ်ရာတွင် မိမိတို့၏ တောင်ယာခြံမြေများကို
ပါဝင်လှူဒါန်းခြင်း၊ လိုအပ်သည့်ငွေများ ထည့်ဝင်လှူဒါန်းခြင်းနှင့် ကိုယ်ထူကိုယ်ထလမ်းသစ်အား
တည်ဆောက်ဖောက်လုပ်ခဲ့ကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)
No comments:
Post a Comment