မုံရွာ ဇွန် ၂၆
ရာသီဥတုပြောင်းလဲမှုနှင့် အိုဇုန်းလွှာထိခိုက်မှုမရှိဘဲ စွမ်းအင်ကိုအကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်တဲ့ အအေးပေးစနစ်ဆိုင်ရာ နည်းပညာများ ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူလူထုတစ်ဦးချင်းသာမက အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများအားလုံးရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဟာလည်း အလွန်အရေးကြီးလှသောကြောင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အနေဖြင့် ၂၀၁၃ ခုနှစ်မှစပြီး ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်လျှော့ချရပ်ဆိုင်းရေး စီမံခန့်ခွဲမှုစီမံကိန်းအရ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန်လျှော့ချရေးကို ဦးတည်ချက်(၃)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သော ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က ယနေ့ခေတ်မှာ လေအေးပေးစနစ်တွေကို စားသောက်ကုန်ထုတ်လုပ်မှု၊ သိုလှောင်မှုတွင်သာမက သွေးဘဏ်များ၊ ဆေးရုံများနှင့် ဆေးပစ္စည်းသိုလှောင်တဲ့
နေရာများစသည့်
ကျန်းမာရေးဆိုင်ရာ
ကိစ္စရပ်များနှင့်
အင်တာနက် ဝန်ဆောင်မှုများစသဖြင့် ခေတ်မီလူနေမှုစနစ်များတွင်ပါ အရေးပါသောကဏ္ဍမှ ပါဝင်လာပါကြောင်း၊ ကမ္ဘာ့လူဦးရေ ၁၅ မီလီယံကျော်ဟာ လေအေးပေးစနစ်ဆိုင်ရာ လုပ်ငန်းများမှာ လုပ်ကိုင်လျက်ရှိပါကြောင်း၊ ကမ္ဘာ့ပေါ်မှာ အေးခဲစနစ်၊ လေအေးပေးစနစ်၊
အပူပေးစနစ်
စုစုပေါင်း ၅ ဘီလီယံခန့် လည်ပတ်လျက်ရှိပါကြောင်း၊ ထိုစနစ်များမှာ အသုံးပြုနေတဲ့ CFCs, HCFCs, HFCs စသည့် အအေးပေးပစ္စည်းများဟာ အိုဇုန်းလွှာပျက်စီးမှု၊ ကမ္ဘာကြီးပူနွေးမှုစသည့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတို့ကို ဖြစ်ပေါ်စေပါကြောင်း၊ မြန်မာနိုင်ငံတွင် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေမှာ ပါဝင်ဆောင်ရွက်လျက်ရှိသလို လူထုအသိပညာပေး လှုပ်ရှားမှုတစ်ရပ်အဖြစ် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၉ ခုနှစ်မှ စတင်ကာ နှစ်စဥ် ကျင်းပပေးလျက်ရှိပါကြောင်း၊ ယခုနှစ် ၂၀၂၃ခုနှစ် ဇွန်လ ၁၆ရက်နေ့၌ ကျရောက်မည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့မှာ “Next Generation Cooling: The
Future is in Our hands” အအေးပေးနည်းပညာ စဥ်ဆက်မပြတ် တိုးတက်ဖို့ ပူးပေါင်းလက်တွဲဆောင်ရွက်စို့ ဆောင်ပုဒ်ဖြင့် အားလုံးပူးပေါင်း
ဆောင်ရွက်သွားကြပါရန်
တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ ဖြစ်ပေါ်လာပုံအကြောင်းအား ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ တက်ရောက်လာကြသူများက ၂၀၂၃ ခုနှစ် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် Video Clip ပြသမှုအား ကြည့်ရှုအားပေးပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ အခမ်းအနားအပြီးတွင် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခင်းကျင်စပြသထားသော အသိပညာပေး နံရံကပ်ပိုစတာများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments:
Post a Comment