Wednesday, June 7, 2023

သီရိလင်္ကာနိုင်ငံ၊ အမရပူရသံဃာ့ကောင်စီ၊ ဥက္ကဋ္ဌဆရာတော်မှ ပေးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာ

 

ရက်စွဲ၊ ၂၇-၅-၂၀၂၃

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသသည် ဘဝနတ်ထံပျံလွန်တော်မူကြောင်း ကြားသိရသည့်အတွက် များစွာဝမ်းနည်းကြေကွဲရပါသည်။ မြန်မာနိုင်ငံ၏ဗုဒ္ဓဘာသာအသိုက်အဝန်းအတွက်သာမက ဆရာတော်ဘုရားကြီးအားကြည်ညို လေးစားကြသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီအတွက် ကြီးစွာသောဆုံးရှုံးမှုလည်း ဖြစ်ပါသည်။ ဘာသာသာသနာတော်ဆိုင်ရာမြတ်ဗုဒ္ဓ၏ဆိုရိုးစကားများနှင့် ဆရာတော်၏ ကရုဏာတရားတို့အတွက် များစွာလေးစားဂုဏ်ယူမိပါသည်။

တပည့်သာဝကများအတွက် ကောင်းရာကောင်းကျိုးနှင့် အသိဉာဏ်ပွင့်လင်းအောင် ဘဝတစ်လျှောက်လုံး ကြိုးစားဆောင်ရွက်တော်မူခဲ့ပါသည်။ မိမိတို့၏သန္တာန်တွင် ငြိမ်းအေးစေရန်ရည်ရွယ်၍ စိတ်ခွန်အားနှင့် ငြိမ်းချမ်းမှုများကို ဟောဖော်ညွှန်ပြ ဆိုဆုံးမတော်မူခဲ့ပါသည်။ ဆရာတော်ဘုရားကြီးသည် ဉာဏ်ပညာ၊ ကရုဏာနှင့်သဟဇာတဖြစ်မှု စသည့်အချက်များတွင် ဗုဒ္ဓဘာသာ၏အခြေခံသဘောတရားများကို နည်းမှန်လမ်းမှန်ညွှန်ပြနိုင်သော ပုဂ္ဂိုလ်ထူးတစ်ဦးလည်း ဖြစ်ပါသည်။

ဆရာတော်ကြီးသည် ဗုဒ္ဓဘာသာ၏အနှစ်သာရကို သိမြင်အောင် ကမ္ဘာတစ်ဝန်းလုံးရှိ ကမ္ဘာသူ ကမ္ဘာသားများအား ဆုံးမတော်မူခဲ့ပါသည်။ ဗုဒ္ဓဘာသာပြန့်ပွားရေးအတွက် ထောက်ပံ့ကူညီဆောင်ရွက် ပေးတော်မူခဲ့ခြင်းသည် ဘာသာသာသနာသမိုင်းတွင် မှတ်တိုင်အဖြစ် ထင်ကျန်နေမည်ဖြစ်ပါသည်။

သီရိလင်္ကာနိုင်ငံနှင့်မြန်မာနိုင်ငံတို့သည် ဘာသာသာသနာနှင့် ယဉ်ကျေးမှုဆိုင်ရာကဏ္ဍများတွင် ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးလည်းရှိပါသည်။ အကောင်းဆုံးသောဥပမာသည် သီရိလင်္ကာနိုင်ငံ၏ အမရပူရနိကာယသံဃာ့ကောင်စီဖြစ်ပါသည်။ မြန်မာလူမျိုးများနှင့် မြန်မာနိုင်ငံမှ ရဟန်းသံဃာများသည် အမရပူရနိကာယကို တည်ထောင်ထိန်းသိမ်းပျိုးထောင်ရာတွင် များစွာ အထောက်အပံ့ပြုခဲ့ပါသည်။ နောက်ပိုင်းတွင် ဦးဆောင်ဆရာတော်က အဆိုပါဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ ထို့ကြောင့် ဆရာတော်ဘုရား ဘဝနတ်ထံပျံလွန်တော်မူခြင်းသည် သီရိလင်္ကာဗုဒ္ဓဘာသာဝင်များနှင့်ရဟန်းတော်များအတွက် အလွန်စိတ်မကောင်းဖြစ်ရပါသည်။

No comments:

Post a Comment