Saturday, June 24, 2023

ပကတိအမှန်တရားနားလည် ပူးပေါင်းအဖြေရှာ

 


ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် ထိုင်းနိုင်ငံ ပတ္တရားမြို့၌ ပြုလုပ်ခဲ့သည့် မြန်မာ့အရေးဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်းနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ်တို့နှင့်အတူ တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာခဲ့ကြသည်။

မြန်မာနိုင်ငံအရေး အလွတ်သဘောဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် မိတ်ဆွေနိုင်ငံများမှ ကိုယ်စားလှယ်များက မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိုမစွက်ဖက် လိုကြောင်း၊ မြန်မာ့မိတ်ဆွေနိုင်ငံများအနေဖြင့် မြန်မာပြည် ငြိမ်းချမ်းတည်ငြိမ်ရေး၊ အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် ငြိမ်းချမ်းစွာ အဖြေရှာနိုင် ရေးကို ကူညီပံ့ပိုးရန် အသင့်ရှိကြကြောင်း၊ အာဆီယံအနုတ်ပုံစံ မဖြစ်စေလိုကြောင်း၊ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း မြှင့်တင်လာနိုင်ရန် မျှော်လင့်ကြောင်း စသည်တို့ကို မိတ်ဆွေနိုင်ငံများပီသစွာ အပြုသဘောဆောင်အကောင်းမြင် စိတ်ထားဖြင့် ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်၍ အာဆီယံတူညီဆန္ဒ () ချက်နှင့် ဆက်စပ်သုံးသပ်ကြသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံတူညီဆန္ဒ ()ချက်ကို အလေးထား၍ အကောင်အထည် ဖော်လျက်ရှိသည်။ တူညီဆန္ဒ()ချက်တွင် အဓိကအချက်()ချက်ဖြစ်သည့် ပြည်တွင်းလက်နက်ကိုင် တိုက်ခိုက်မှုများရပ်စဲရေး၊ သက်ဆိုင်သူများအားလုံးပါဝင်သည့် ဆွေးနွေးပွဲများစတင်နိုင်ရေးနှင့် လူသားချင်း စာနာထောက်ထားသည့် အကူအညီများပေးနိုင်ရေးတို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံက ရှင်းလင်းစွာပြောကြားထားသည်။ မြန်မာနိုင်ငံတွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများနှင့် ပတ်သက်၍ စဉ်ဆက်မပြတ် ဆောင်ရွက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ အားလုံးပါဝင်ဆွေးနွေးရေးကိုလည်း လမ်းဖွင့်ကြိုဆို ပေးထားသည်ကို တွေ့ရမည်ဖြစ်သည်။

ပြည်တွင်းလက်နက်ကိုင် တိုက်ခိုက်မှုများရပ်စဲရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ လက်ရှိပကတိဖြစ်စဉ်များအပေါ် ထဲထဲဝင်ဝင် တိတိကျကျလေ့လာပြီး မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ကြည့်လျှင် အဖြေမှန်မှာ ထင်ရှားပေါ်လွင်လာမည်ဖြစ်သည်။ မီဒီယာအချို့၏ လှည့်စားပုံဖျက်နေသည့်သတင်းများကို ယုံစားနေမည်ဆိုပါက အမှန်တရားနှင့် အလှမ်းဝေးနေမည်ဖြစ်သည်။ လက်ရှိကာလတွင် ငြိမ်းချမ်းရေးကို အလေးထားပြီး တွေ့ဆုံဆွေးနွေးမှု ၁၀၆ ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်သည်။ နိုင်ငံတော်ကို ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရန်၊ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရန်၊ အာဏာ ခွဲဝေရေး၊ သယံဇာတခွဲဝေအသုံးပြုရေး စသည့်အရေးကြီးကိစ္စများကို ညှိနှိုင်း သဘောတူညီခဲ့ကြပြီးဖြစ်သည်။ EAO အချို့မှာ သဘောတူညီချက် ဖောက်ဖျက်ပြီး အစိုးရထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်တိုက်ခိုက်ခြင်း၊ ခြေကုပ်စခန်းတည်ဆောက် ခြင်း၊ ပြည်သူလူထုကို အန္တရာယ်ပေးခြင်းကြောင့်သာ တန်ပြန်တိုက်ခိုက်ခဲ့ရသည်။

နှောင့်ယှက်တိုက်ခိုက်မှုများကိုလည်း အင်အားအလွန်အကျွံမသုံးဘဲ ဗီယင်နာ ကွန်ဗင်းရှင်းပါ ထိတွေ့မှုစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံရေးပြောင်းလဲမှုကို အခွင့်ကောင်းယူ၍ ထိခိုက်ခံစားလွယ်သော၊ မသိနားမလည်သော လူငယ်အချို့အား PDF အဖြစ် သင်တန်းပေး၊ လက်နက်တပ်ဆင်ပြီး နှစ်ပေါင်း ၅၀ နီးပါး အေးချမ်းနေသည့် ပြည်တွင်းဒေသများတွင် အကြမ်းဖက်လက်နက်ကိုင်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာအောင် ဖန်တီးခဲ့သည်။ တစ်ဆက်တည်းတွင် ပွဲလန့်တုန်းဖျာခင်းသည့် ပြည်ပြေး NUG အကြမ်းဖက်အဖွဲ့က ပြည်တွင်းရှိ PDF များကို လက်နက်ငွေကြေးထောက်ပံ့ပေးပြီး အကြမ်းဖက်သတ်ဖြတ် မှုများ ဆက်တိုက်ပြုလုပ်နေသည်။ ပြည်သူလူထုကို အကာအကွယ်ပေးရန် အစိုးရ တွင်တာဝန်ရှိ၍ ပြန်လည်တုံ့ပြန် ရှင်းလင်းဖယ်ရှားနေခြင်းဖြစ်သည်။

မြန်မာ့တပ်မတော်သည် စနစ်တကျဖွဲ့စည်းထားပြီး အတွေ့အကြုံနှင့် စွမ်းရည်ပြည့်ဝသည့် တပ်မတော်ဖြစ်၍ သာမန်လက်နက်ကိုင်အဖွဲ့များကို လွယ်ကူစွာချေမှုန်းနိုင်စွမ်းရှိသည်။ အင်အားသုံးချေမှုန်းခြင်းဖြင့် မိမိတို့နိုင်ငံသားများသာ သေကျေဒဏ်ရာရကြမည်ဖြစ်၍ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေခြင်းဖြစ် သည်။ ပြည်တွင်းရေးကိစ္စများကို အေးချမ်းစွာဖြေရှင်းနိုင်ရန် ငြိမ်းချမ်းရေးအတွက် အမြဲတံခါးဖွင့်ထားသည်။ လွတ်ငြိမ်းချမ်းသာခွင့်များကိုလည်း မုဒိမ်းမှု၊ လူသတ်မှု မှအပ အခြားအမှုများကို မကြာခဏခွင့်ပြုပေးလျက်ရှိသည်။ ဥပဒေဘောင်အတွင်း ဝင်ရောက်ပြီး နိုင်ငံရေးပါတီဖွဲ့စည်း၍ နိုင်ငံ့အရေးပြုလုပ်ခွင့်ပြုထားသည်။ EAO အချို့၏ ငြိမ်းချမ်းရေးတွင် မပါဝင်နိုင်သည့် အကြောင်းရင်းမှန်ကို ထဲထဲဝင်ဝင် လေ့လာလျှင် သိရှိနိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံ၏ ပကတိဖြစ်စဉ်အမှန်တရား များကို ရှင်းရှင်းလင်းလင်း အသိပေးခဲ့ပြီဖြစ်သည်။ ပကတိဖြစ်စဉ်များကို ပုံဖျက်ပြီး သတင်းအမှားဖန်တီးထားကာ တိုင်းပြည်ပျက်စီးရန် ကြိုးပမ်းမှုအဖုံဖုံတို့ကို နားလည်သဘောပေါက်ကြသည့် မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်းလက်တွဲကာ တူညီဆန္ဒများကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါကြောင်း။   

No comments:

Post a Comment