Wednesday, June 28, 2023

ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား-မြန်မာချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇွန် ၂၈

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဉက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ ရတနာခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့အကြား စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ရေနံနှင့်သဘာဝ ဓာတ်ငွေ့ရှာဖွေတူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်းများနှင့် ရေနံထွက်ပစ္စည်းဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများတွင် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကိုရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ စွမ်းအင်ဝန်ကြီးဌာနဒုတိယဝန်ကြီးဦးသန့်စင်၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးအသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment