Monday, June 12, 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပ စေတနာရှင်ပြည်သူများက အလှူငွေများ လှူဒါန်းနိုင်ရေး အသိပေးကြေညာခြင်း

 


၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။

 










၂။ထိုသို့ကြေညာရာတွင်အခြားသော အီလက်ထရွန်နစ်ငွေပေးချေမှုစနစ်နှင့် မိုဘိုင်းငွေပေးချေမှုစနစ်များဖြင့် လှူဒါန်းနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ထပ်မံအသိပေးကြေညာသွားမည်ဟု ပါရှိပါသည်။

၃။ လှူဒါန်းရာတွင် ယခင်ကြေညာထားသည့် ဖုန်းနံပါတ်နှင့်ဖွင့်လှစ်ထားသည့်အကောင့်သို့ လှူဒါန်းမှု ပြုနိုင်ရေးကြေညာထားပြီး ဖုန်းနံပါတ်ဖြင့် လှူဒါန်းမှုပြုလုပ်ခြင်းမှာ ရောထွေးနိုင်သဖြင့် ဖုန်းနံပါတ်အစား QR ဖြင့် လှူဒါန်းနိုင်ရေး ဆောင်ရွက်ထားပြီးဖြစ်ပါသည်။

၄။ KBZ Pay ၊ Wave Money တို့ဖြင့် လှူဒါန်းနိုင်ပြီး လှူဒါန်းလိုပါက KBZ Pay ၊ Wave Money တို့၏ QR အား Scan ဖတ်ခြင်း၊ QR တွင် ပါဝင်သောကုတ်နံပါတ်အားရိုက်ထည့်၍ လှူဒါန်းခြင်းများဆောင်ရွက် နိုင်ပါသည်။

၅။ ယခုအခါ ပြည်သူများ လှူဒါန်းမှုပြုလုပ်ရာတွင် ပိုမိုအဆင်ပြေစေရေး ပြည်သူများအသုံးပြုမှု များပြားသည့် CB Pay ၊ AYA Pay ၊ OK $ ၊ UAB pay နှင့် Citizens Pay တို့ဖြင့်လည်း လှူဒါန်းနိုင်ရေး ဆောင်ရွက်ထားပြီးဖြစ်သဖြင့် QR အား Scan ဖတ်ခြင်း၊ QR တွင်ပါဝင်သော ကုတ်နံပါတ်အား ရိုက်ထည့်၍ လှူဒါန်းခြင်းများ ဆောင်ရွက်နိုင်ပါသည်။

၆။ လှူဒါန်းလိုသူများအနေဖြင့် အောက်ပါပုဂ္ဂိုလ်များသို့ ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပါသည်-

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ

No comments:

Post a Comment