Saturday, June 10, 2023

ရန်ကုန်တိုင်းဒေသကြီး၏ နေ့စဉ်စားရေးလိုအပ်ချက်ကို ဒေသတွင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထုတ်လုပ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်

 

နေပြည်တော် ဇွန် ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ်နှင့်မှော်ဝန်းချောင်းကြားနေရာရှိ သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ရှင်းလင်း ဆောင်၌ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ မြန်မာ့ စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက သီလဝါဘက်စုံ စိုက်ပျိုး မွေးမြူရေးဇုန်၊ ၂၆ မိုင် ဘက်စုံစိုက်ပျိုး မွေးမြူရေးဇုန်၊ တွံ့တေးမြို့နယ်ရှိ ရွှေမုယင်း ငါးကန်နှင့် ငွေပင်လယ်မွေးမြူရေးနှင့် ရေလုပ်ငန်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု၊ ဆောင်ရွက်ပြီးစီးပြီး လုပ်ငန်းလည်ပတ်နေမှုနှင့် ဈေးကွက်အတွင်းသို့ သက်သာသောနှုန်းထားများဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိမှု အခြေအနေများ၊ သီလဝါစိုက်ပျိုး မွေးမြူရေးဇုန်မှ ထွက်ရှိသည့် ကြက်ဥ၊ ဘဲဥများအား သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ သက်သာသောနှုန်းထားများဖြင့် သွားရောက်ရောင်းချပေးလျက်ရှိသည့် အခြေအနေများ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် သား၊ ငါး ထုတ်လုပ်မှုအပေါ် စားသုံးနိုင်မှုအခြေအနေများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။

စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ဒေသတွင်း၌ ဖူလုံအောင် ထုတ်လုပ်နိုင်ခြင်းဖြင့် စားရေရိက္ခာဖူလုံရမည်

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုကဲ့သို့စိုက်ပျိုးမွေးမြူရေးဇုန်များဖော်ဆောင်၍ ဆောင်ရွက်လျက်ရှိခြင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းစားရေ ရိက္ခာဖူလုံစေရန်နှင့် သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရန်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် လူဦးရေ ၈ သန်းခန့်ရှိပြီး နေ့စဉ် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက် လိုအပ်ချက်များစွာရှိသဖြင့် တတ်နိုင်သမျှဖြည့်ဆည်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့အပါအဝင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း ရန်ကုန်တိုင်းဒေသကြီးသို့ အသား၊ ငါးနှင့် ဥများကို တင်ပို့ရောင်းချလျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ အခြားဒေသမှ လာရောက်ရောင်းချခြင်းဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်အပြင် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များကြောင့် စားသောက်ကုန်များကို ဈေးနှုန်းမြင့်မားစွာဖြင့် ဝယ်ယူစားသုံးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေး ဇုန်များကိုအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့၏ နေ့စဉ်စားရေးလိုအပ်ချက်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်ရောင်းချနိုင်မည်ဆိုပါက မြို့နေပြည်သူများအနေဖြင့် အသားငါးများကို ဈေးနှုန်းသက်သာစွာဖြင့် ပေါများစွာ ဝယ်ယူစားသုံးနိုင် မည်ဖြစ်ကြောင်း။

အခြေခံစားကုန်များ ဈေးနှုန်းကြီးမားမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ

ပြည်သူလူထုအနေဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို နေ့စဉ်မဖြစ်မနေ ဝယ်ယူစားသုံးနေရသောကြောင့် အခြေခံစားကုန်များ ဈေးနှုန်းကြီးမားမှုမရှိစေရေး မိမိ တို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အလေးထားအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသူများအနေဖြင့် မိမိတို့စတင်တာဝန်ယူစဉ်ကပင် စီးပွားရေးပိတ်ဆို့ခြင်း၊ ကုန်ပစ္စည်းများဈေးနှုန်းမြင့်တက်အောင် ဆောင်ရွက်ခြင်း၊ ငွေကြေးလည်ပတ်မှုအခက်အခဲဖြစ်အောင် ဆောင်ရွက်ခြင်းများဖြင့် နိုင်ငံရေးအခက်အခဲ အကြပ်အတည်းများဖြစ်အောင်ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ယင်းအခက်အခဲများ ကျော်လွှားနိုင်ခဲ့ကြောင်း၊ စားသောက်ကုန်များဈေးနှုန်း ကြီးမြင့်မှုမရှိစေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင်မြင်အောင ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း စိုက်ပျိုးမွေးမြူရေးဧရိယာများတိုးချဲ့ခြင်းထက် အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမြေများကို အကျိုးရှိစွာအသုံးချရန်လိုပြီး စိုက်ပျိုးမြေများကို အပြည့်အဝအသုံးချရန်အတွက် ဆောင်ရွက်ရန်လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသား၊ ငါးနှင့်ဥများလုံလောက်စွာရရှိနိုင်ရေး မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့်ဆောင်ရွက်၍ အထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ အမှန်တကယ်အကျိုးရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြစ်စေလိုပြီး ရန်ကုန်မြို့နေလူဦးရေ၏ စားရေးကိုအထောက်အကူပြုနိုင်ရမည်ဖြစ်ကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် အစာများနှင့်မြေဩဇာများလိုအပ်ကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများဖြင့်တိရစ္ဆာန်အစာများနှင့် သဘာဝမြေဩဇာများကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ တိရစ္ဆာန်အစာများကိုထုတ်လုပ်ခြင်းဖြင့် ဒေသတွင်း အစာဈေးနှုန်းများကျဆင်းလာမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်သို့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အေးသာယာမှ ကြက်ဥများ၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဘဲဥများကို များစွာတင်ပို့ရောင်းချလျက်ရှိကြောင်း၊ ထိုသို့ ပို့ဆောင်သဖြင့် ကျသင့်နိုင်သည့် သယ်ယူပို့ဆောင်ခများထက် ရောင်းချသည့်ဈေးနှုန်းများမှာ များစွာကွာခြားလျက်ရှိပြီး ပိုမိုဈေးတင်ထားသည်ကိုတွေ့ရှိရကြောင်း၊ ထိုသို့ဝိသမလောဘသားများအနေဖြင့် စားသုံးကုန်ဈေးနှုန်းများကို ထိုက်သင့်သည့်ဈေးထက် ပိုမိုဈေးတင်ရောင်းချနေမှုအပေါ် တာဝန်ရှိသူများအနေဖြင့် စိစစ်ရန်လိုကြောင်း၊ အဓိကအားဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိပြည်သူများ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်မခံရစေရေး ဒေသအတွင်းရှိ ကုန်ထုတ်လုပ်စွမ်းအားဖြင့်ဆောင်ရွက်ရန်နှင့် ပြင်ပမှတင်သွင်းမှုများကို သက်သာသောဈေးနှုန်းများဖြင့် ရရှိရေးဆောင်ရွက်ရန်လိုကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများစားရေးအတွက် တိုင်းဒေသကြီးအစိုးရမှ ဆောင်ရွက်ရန်လိုသကဲ့သို့ တပ်မတော်မှလည်း ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အမှန်တကယ်အကျိုးရှိသည့် လုပ်ငန်းများဖြစ်စေရေး ကြပ်မတ် ဆောင်ရွက်ရန် လိုကြောင်းဖြင့် မှာကြားသည်။

လှည့်လည်ကြည့်ရှုစစ်ဆေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်တွင် မွေးမြူထားရှိသည့် ငါးအမျိုးအစားနမူနာပြသထားရှိမှုများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့် ဘဲဥ၊ ထိုင်ဝမ်သင်္ဘော၊ နို့ထွက်ပစ္စည်းများ၊ ခင်းကျင်းပြသထားမှုများကို ကြည့်ရှုသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မွေးမြူရေးဇုန်အတွင်းရှိ ငါးသားဖောက်လုပ်ငန်း ဆောင်ရွက်နေမှု၊ ငါးမွေးမြူထားရှိမှုနှင့် ဘဲမွေးမြူထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကလိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီးနောက် ခင်းကျင်းပြသထားသည့် ငါးမွေးမြူရေးလုပ်ငန်းအဆင့်ဆင့်ကိုကြည့်ရှု၍ တာဝန်ရှိသူများနှင့် ကုန်ထုတ်လုပ်မှုများနှင့် ရန်ကုန်မြို့တော်စားရေရိက္ခာဖူလုံမှုရှိစေရး သုံးသပ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment