Thursday, June 8, 2023

ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်အား မြန်မာ - တရုတ် ခရီးသွားမြှင့်တင်ရေး အမှုဆောင်ဥက္ကဋ္ဌနှင့်အဖွဲ့ လာရောက်တွေ့ဆုံ

 



နေပြည်တော် ဇွန် ၇

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်အား မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေး အမှုဆောင်ဥက္ကဋ္ဌ Mr. David Liu နှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိဝန်ကြီးဌာန ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် တရုတ်နိုင်ငံတွင် အသုံးများသော တစ်တော့(Tiktok)၊ ကွိုက်ဇိုလ် (Kuaishou)ကဲ့သို့ လူမှုကွန်ရက်မီဒီယာ ပလက်ဖောင်းများတွင် Myanmar Pavilion အမည်ဖြင့် မြှင့်တင်ကြော်ငြာရေး၊ ၂၀၂၄ ခုနှစ်တွင် International Mountain Tourism ပွဲတော် ကျင်းပနိုင်ရေး၊ မြန်မာ - တရုတ်ချစ်ကြည်ရေး မြို့တော်များ ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment