Monday, June 5, 2023

ကျိုင်းတုံမြို့ စိန်ပန်းဓမ္မစကူးလ် အပတ်စဉ်ဗုဒ္ဓဘာသာသင်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဖွင့်ပွဲနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်၏ (၇၁)ကြိမ်မြောက် မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ အောင်လက်မှတ်များပေးအပ်ခြင်း၊ ဂုဏ်ပြုလက်မှတ်များနှင့် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်

 


နေပြည်တော် ဇွန် ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ စိန်ပန်း ဓမ္မစကူးလ်အပတ်စဉ် ဗုဒ္ဓဘာသာသင်တန်းကျောင်း ၏၂၀၂၃-၂၀၂၄ ပညာသင်နှစ်ဖွင့်ပွဲနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်၏ (၇၁)ကြိမ်မြောက် မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ အောင်လက်မှတ်များပေးအပ်ခြင်း၊ ဂုဏ်ပြုလက်မှတ်များနှင့် ဂုဏ်ပြုဆု များ ချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် စိန်ပန်းဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ရာ ကျိုင်းတုံမြို့ သာသနာဝေပုလ္လကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိဇယအမှူးပြုသော သံဃာတော်များ ကြွရောက် တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူ ၃၂၀ နှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သာသနာဝေပုလ္လကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိဇယထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် သံသရာအေးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောသလ္လထံမှ ဩဝါဒစကားနာယူကြပြီး စိန်ပန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသက စိန်ပန်းဓမ္မစကူးလ်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဓမ္မစကူးလ်ပညာသင်နှစ်စတင်ကြောင်း အထိမ်းအမှတ်အဖြစ် “မင်္ဂလာ ခေါင်းလောင်း” ဓမ္မတေးကဗျာကို ဖွင့်လှစ်သီဆိုကြသည်။

ဆက်လက်၍ တိုင်းမှူးနှင့် အလှူရှင်များက စိန်ပန်းဓမ္မစကူးလ်ကျောင်းအတွက် အလှူငွေများအား ပေးအပ်ရာ စိန်ပန်းကျောင်းတိုက်ဆရာတော်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

အဆိုပါ အပတ်စဉ် ဗုဒ္ဓဘာသာသင်တန်းအား မေ ၇ ရက် တနင်္ဂနွေနေ့မှ စတင်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သင်ကြားပေးမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ပညာသင်နှစ် ပြီးဆုံး မည်ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်မှ ကျင်းပခဲ့သည့်(၇၁)ကြိမ်မြောက် မင်္ဂလာတရား တော်နှင့် ဗုဒ္ဓဝင်စာမေးပွဲတွင်အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်မှတ်များ၊ ဂုဏ်ပြုဆုများနှင့် အောင်လက်မှတ်များကို ပေးအပ်ရာ ကျောင်းသား ကျောင်းသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment