Saturday, May 27, 2023

ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသည့် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး doses တစ်သန်းနှင့် ဆေးထိုးအပ်တစ်သန်း လွှဲပြောင်းလက်ခံပွဲ အခမ်းအနားကျင်းပ


 

နေပြည်တော် မေ ၂၆

ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသည့် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး doses တစ်သန်းနှင့် ကာကွယ်ဆေးထိုးအပ် တစ်သန်းတို့သည် ယနေ့နံနက် ၇နာရီခွဲတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်ခရီးစဉ် အမှတ် KR3763 အထူးလေယာဉ်ဖြင့် ရောက်ရှိခဲ့ပြီး လွှဲပြောင်းလက်ခံခြင်းအခမ်းအနားကို နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်ရှိ အရေးကြီးပုဂ္ဂိုလ်များ ဧည့်ခန်းမဆောင်တွင်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၊ Permanent Secretary of StateH.E. Dr. Youk Sambath တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင်မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ် နိုင်ရေး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအားရှေးရှု၍ လှူဒါန်းသော Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး doses တစ်သန်းနှင့် ကာကွယ်ဆေးထိုးအပ်တစ်သန်းတို့အား ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၊ Permanent Secretary of StateH.E. Dr. Youk Sambath က လွှဲပြောင်းပေးအပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက လက်ခံ ရယူခဲ့ပြီး ကျေးဇူးတင်ဂုဏ်ပြု လွှာ ပြန်လည်ပေးအပ်သည်။ ထို့နောက် မှတ်တမ်းတင်ဓာတ်ပုံ များ ရိုက်ကူးကာ အခမ်းအနား အား ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာကမ္ဘောဒီးယားနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့်သံရုံးဝန်ထမ်းများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက် ခဲ့ကြသည်။

ယခင် နှစ်များကလည်း ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးဆေးနှင့်ဆေးပစ္စည်းများ၊ လှူဒါန်းငွေများကို ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။                   

သတင်းစဉ်

No comments:

Post a Comment