နေပြည်တော် မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ (၂) ရပ်ကွက်နေ ဒေါ်လီလီနိုင်စိုး(ခ)လီလီနိုင်ကျော်၊ အသက် (၅၈) နှစ် သရုပ်ဆောင်/အဆိုတော်သည် မေ ၃၀ ရက် ည ၇ နာရီခန့်တွင် မော်တော်ယာဉ်ဖြင့် အပြင်မှ နေအိမ်သို့ပြန်လာစဉ် နေအိမ်တိုက်ခန်းရှေ့အရောက်၌ PDF အမည်ခံအကြမ်းဖက် အမျိုးသား ၁ ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒေါ်လီလီနိုင်ကျော်တွင် ယာနားထင်ကျည်ထိမှန် ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့သဖြင့် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။
ယခုကဲ့သို့
လက်နက်တစ်စုံတစ်ရာကိုင်ဆောင်ထားခြင်းမရှိသော အပြစ်မဲ့ အမျိုးသမီးတစ်ဦးကို အပြင်းအထန်ဒဏ်ရာရရှိသည်အထိ
လူမဆန်စွာ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုအပေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)၊ ဘာသာပေါင်းစုံ
ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံမက်သဒစ်အသင်းတော်
(အောက်မြန်မာပြည်) ၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)၊ လွတ်မြောက်ခြင်း အသင်းတော်(ရန်ကုန်)၊
မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူ
ဖောင်ဒေးရှင်း(ဗဟို)၊ သနန္တနဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ
အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ ပိန္နဲကုန်းရခိုင်ဂျာမေဗလီ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊
မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊
မြန်မာနိုင်ငံစာရေးဆရာအသင်း၊ UNITED ပရဟိတအသင်း၊ ဘူးသီးတောင် မောင်တောဒေသဖွံ့ဖြိုးရေးအသင်းတို့မှ
ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။


















No comments:
Post a Comment