Monday, May 15, 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် ညောင်ဦးမြို့နယ်၊ ပုဂံဒေသရှိ သာသနိကအဆောက်အဦအချို့ အနည်းငယ်ပျက်စီး၊ ရေဝင်ရောက်ဖြစ်ပေါ်ခဲ့သည့် မန်းရွှေစက်တော်ရာဘုရား (အောက်စက်တော်ရာ) ရေများပြန်လည်ကျဆင်း

နေပြည်တော် မေ ၁၅

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) ၏ အရှိန်ကြောင့် ဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းများဖြစ်ပေါ်ခဲ့သည်။

 



















အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခိုက်မှုကြောင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရား (အောက်စက်တော်ရာ) အတွင်း မန်းချောင်းရေမြင့်တက်မှုကြောင့် ၅ ပေခန့် ရေဝင်ရောက်ခြင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံဒေသရှိ ဓမ္မရာဇာဘုရားကြီး ရင်ပြင်တော်အုတ်ခုံ ပြိုကျခြင်း၊ ထီးလိုမင်းလိုဘုရား အရှေ့ဘက်မုခ်ဦးပဲ့ကျခြင်း၊ သဗ္ဗညုဘုရား အုတ်တံတိုင်း ပဲ့ကျခြင်း၊ ရွှေဘုံသာစေတီတော်ပြိုကျ၍ ထီးတော်မြေခခြင်းများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် ဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့် စေတီပုထိုးများအား ရှေးဟောင်းသုတေသနာနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ပြုပြင်နိုင်ရေး လိုအပ်သည်များ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် မန်းရွှေစက်တော်ရာဘုရား (အောက်စက်တော်ရာ) ဘုရားမှာ ယခုအခါ ရေများပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment