Friday, May 19, 2023

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ကြမည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ပို့ဆောင်နှုတ်ဆက်အားပေးကာ ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်



မန္တလေး မေ ၁၉

မေ ၁၄ ရက်က အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)ဖြတ် သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သွားရောက်ဆောင်ရွက်ကြမည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်  တာဝန်ရှိသူများက မန္တလေးအပြည် ပြည်ဆိုင်ရာလေဆိပ်၌ သွားရောက်တွေ့ဆုံအားပေး ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

 




ထိုသို့တွေ့ဆုံစဉ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကားနှင့် အားပေးစကားများပြောကြားပြီးနောက် စစ်တွေမြို့၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သွားရောက်ဆောင်ရွက်ကြမည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နယ်မြေခံရဲသင်တန်းကျောင်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်(၆၀၀)ဦးအတွက် ထောက်ပံ့ငွေကျပ်(၁၅၀)သိန်းနှင့် စားသောက်ဖွယ်ရာများပေးအပ်ကာ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်းနှင့် စစ်တွေလေဆိပ်သို့ တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment