Friday, May 5, 2023

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်ခ်(Minsk)မြို့၌ ပြည်ထဲရေးဝန်ကြီးဌာန First Deputy Minister, Major General Nazarenko Yuryi Gennadievich နှင့် တွေ့ဆုံ၍ e-ID စနစ်ဆိုင်ရာလုပ်ငန်းများဆွေးနွေး၊ အမျိုးသားအီလက်ထရောနစ် ဗဟိုထိန်းချုပ်ကွပ်ကဲရေးစင်တာသို့ သွားရောက်လေ့လာ

 


နေပြည်တော် မေ ၄

ဘယ်လာရုစ်သမ္မတနိုင်ငံ ပြည်ထဲရေးဝန်ကြီး Lt General Ivan Kubrakob ၏ ဖိတ်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းနှင့်အဖွဲ့သည် မေ ၁ ရက် ညနေ ၅ နာရီခွဲတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာကြ ပြီး မေ ၂ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ မိနစ် ၂၀ တွင် ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်ခ် (Minsk) အမျိုးသားလေဆိပ်သို့ ရောက်ရှိကြရာ ဘယ်လာရုစ်သမ္မတနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဌာနမှူး Colonel Mr.Begun Alexey Yurievich နှင့် တာဝန်ရှိသူများက အဆိုပါလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် မေလ ၃ ရက် နံနက်ပိုင်းတွင် မင့်စ်ခ်မြို့ရှိ ပြည်ထဲရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ ပြည်ထဲရေးဝန်ကြီးဌာန First Deputy Minister Major General Nazarenko Yuryi Gennadievich ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဘယ်လာရုစ်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးနှင့် Biometric နည်းပညာသုံး အမျိုးသားစိစစ်ရေးကတ်စနစ်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို အပြန်အလှန် အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီး အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ကာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ဘယ်လာရုစ်သမ္မတနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင့်စ်ခ်မြို့ရှိ အမျိုးသားအီလက်ထရောနစ် ဗဟိုထိန်းချုပ်ကွပ်ကဲရေးစင်တာသို့ သွားရောက်ကြည့်ရှုလေ့လာကြရာ Director Gradusof Roman Anato-vich နှင့်တာဝန်ရှိသူများက ဘယ်လာရုစ်နိုင်ငံ၏ e-ID စနစ် အကောင်ထည်ဖော်ဆောင်ရွက်နေမှုအခြေနေများ၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် ဒစ်ဂျစ်တယ်စနစ်ဖြင့် ဆောင်ရွက်မှုအခြေအနေများ၊ သတင်းအချက်အလက်စနစ် ပေါ်ပေါက်လာပုံနှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုစနစ်အတွက် လိုအပ်သည့်အရင်းအမြစ်များ၊ အမျိုးသားဒစ်ဂျစ်တယ်ဝန်ဆောင်မှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့မှုနှင့် လက်ရှိအသုံးပြုဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြသကြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာ နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့် e-ID စနစ်အကောင်ထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးပြောကြားကာ သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment